Tuesday, April 9, 2024

“လေယာဉ်နဲ့ လက်နက်ကြီးတွေ မလာနိုင်အောင် ဆောင်ရွက်ဖို့လိုနေပါတယ်”

“လေယာဉ်နဲ့ လက်နက်ကြီးတွေ မလာနိုင်အောင် ဆောင်ရွက်ဖို့လိုနေပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၀ - ၄- ၂၀၂၄)

“မြေပြင်မှာ ဆက်တိုက်အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ လေကြောင်းနဲ့ လက်နက်ကြီးကို အားကိုးလာနေတယ်။ တော်လှန်ရေးတပ်တွေကို ပစ်တာအပြင် အရပ်သားလူထုနေရာတွေကိုလည်း ဦးတည်တိုက်ခိုက်မှုတွေရှိလာနေတယ်။ ဒါကြောင့် လေယာဉ်ပြေးလမ်းတွေနဲ့ လက်နက်ကြီးစက်ရုံတွေကို တော်လှန်ရေးအင်အားစုတွေ အလေးထား တားဆီးဖို့ လိုအပ်နေတယ်” လို့ စစ်ရေး - နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ကချင်၊ ကရင်၊ ရခိုင်အပါဝင် ဒေသအသီးသီးမှာ စစ်ကောင်စီတပ်က စခန်းစွန်ခွာထွက်ပြေးတာ၊ လက်နက်ချတာ နေ့စဉ်ဖြစ်နေပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို တော်လန်ရေးတပ်တွေက ထိန်းချုပ်လာနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- AA တပ်တွေ မကွေးတိုင်းအတွင်းဝင်လာခြင်း၊ KIA တပ်တွေ စစ်ကိုင်းအတွင်း ဝင်လာခြင်းက အညာစစ်မျက်နှာအနေအထားကို အပြောင်းလဲဖြစ်စေနိုင်သလား...

- မြေပြင်တိုက်ပွဲမှာ နေ့စဉ်အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီ ဘာတွေ ဆက်လုပ်လာနိုင်သလဲ...

- စစ်မှူထမ်းဥပဒေကို ဘယ်လိုဆက်လက် တိုက်ဖျက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More