Tuesday, April 9, 2024

“လွယ်ဂျယ်နယ်စပ်မြို့ကို KIA သိမ်း... မြဝတီနယ်စပ်မြို့ကို KNLA က သိမ်းဖို...


“လွယ်ဂျယ်နယ်စပ်မြို့ကို KIA သိမ်း... မြဝတီနယ်စပ်မြို့ကို KNLA က သိမ်းဖို့ပြင် ...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၀- ၄- ၂၀၂၄)

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ လွယ်ဂျယ်-နယ်စပ်ကုန်သွယ်ရေးမြို့ရှိ စစ်ကောင်စီတပ်သားတွေအားလုံး ဧပြီ ၈ ရက်နေ့ညမှာ စခန်းစွန့်ထွက်ခွာသွားပြီဖြစ်တဲ့အတွက် လွယ်ဂျယ်ဟာ စစ်ကောင်စီကင်းစင်ဒေသဖြစ်သွားပြီလို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရဲစခန်းနဲ့ ဌာနဆိုင်ရာ အဆောက်ဦတွေအားလုံးကို  KIA သိမ်းပိုက်ပြီးနောက် ရဲနဲ့ စစ်သားတွေအားလုံးဟာ တပ်ရင်း ၁၄၂ မှာ ဝင်ရောက်စုစည်းနေကြတာဖြစ်ပါတယ်။ ဧပြီ ၈ ရက်နေ့ညပိုင်းမှာတော့ စစ်သားတွေအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် အခု လွယ်ဂျယ်ကို KIA/ KIO က အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ပြင်နေပြီလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မတ်လ ၇ ရက်မှာစတင်ခဲ့တဲ့ ၀၃၀၇ စစ်ဆင်ရေးအတွင်း ဌာနချုပ်လိုင်ဇာအနီးက စစ်ကောင်စီရဲ့ ဗျုဟာကုန်းတွေ၊ မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ်ရှိ ဗျုဟာကုန်းတွေအပါဝင် စခန်းပေါင်း ၆၀ ခန့်ကို တလအတွင်း သိမ်းပြီးတဲ့နောက် အခုနောက်ဆုံး လွယ်ဂျယ်မြို့ကို သေနတ်တချက်မှ မဖောက်ရပဲနဲ့ KIA က သိမ်းလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးမြိုံ့ကိုလည်း KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ် ဦးဆောင်တဲ့ မဟာမိတ်တွေက သိမ်းနိုင်ဖို့ မနေ့က စတင် ထိုးစစ်ဆင်နေ...

- မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)မှာ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့အဖွဲ့  အထူးအစည်းအဝေးလုပ်နေစဉ် တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက် ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More