Thursday, April 18, 2024

“မြဝတီသို့ ဦးတည်နေတဲ့ စစ်ကောင်စီတပ်ကို K.N.L.A က ကြားဖြတ်တိုက်... ဟားခါး...


“မြဝတီသို့ ဦးတည်နေတဲ့ စစ်ကောင်စီတပ်ကို K.N.L.A က ကြားဖြတ်တိုက်ခိုက်... ဟားခါးနဲ့ ထားဝယ်မှာ စစ်သား ၆ ဦးလက်နက်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၉ -၄- ၂၀၂၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်ဖက်ကနေ မြဝတီမြို့သို့ ထိုးစစ်ဆင်လာနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (K.N.L.A) နဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ရာနဲ့ချီသေဆုံးပြီး ဒေါနတောင်တန်း အနောက်ဘက်တောင်ခြေကနေ ရှေ့မတိုးနိုင် ရှိနေဆဲဖြစ်တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

(K.N.L.A)၊ (K.N.D.O) နဲ့ (PDF) တို့က မြဝတီမြို့စောင့်တပ် ခလရ−၂၇၅ ကို ဧပြီ (၁၁) ရက်မှာသိမ်းပိုက်ပြီးနောက် စစ်ကောင်စီဟာ မြဝတီမြို့ကို ပြန်လည်ရရှိရေးအတွက် “အောင်ဇေယျ” အမည်ရှိ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ဆင်ရေးအရ မြဝတီဖက်သို့ တက်လာနေတဲ့စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပြီး သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ ပျက်စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်အထိ သေဆုံးတဲ့အတွက် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါနတောင်တန်း အနောက်ဘက်တောင်ချေမှာ ရပ်တန့် နေတယ်လို့ မနေ့ မနက်ပိုင်းက ထုတ်ပြန်တဲ့ KNU ဗဟိုကြေညာချက်မှာ ဖေါ်ပြပါတယ်။

မနေ့ နေ့လယ်ပိုင်းက ထုတ်ပြန်တဲ့ ကျားဖြူစစ်ကြောင်း တပ်ခွဲ (၁) ကြေညာချက်မှာတော့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား မနက် ၁၁ နာရီကနေ ညနေပိုင်းအထိ  ကော့ကရိတ်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီဖက်က အကျအဆုံးများတဲ့အတွက် လေကြောင်းပစ်ကူပါ သုံးနေတယ်လို့ ဖေါ်ပြထားပါတယ်။

ညနေပိုင်းဝင်လာတဲ့ KIC - Karen Information Center သတင်းမှာတော့ စစ်ကောင်စီ လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့အနီးရှိ၊ မြို့ဟောင်းရွာက ဆရာတော် ပျံလွန် တော်မူပြီး ရွာသား ၃ ဦးဒဏ်ရာရတယ်လို့ ဖေါ်ပြထားပါတယ်။

ထိုင်းနယ်စပ်က ဝင်လာတဲ့သတင်းတွေမှာတော့ မြဝတီမြို့အုပ်ချုပ်ရေးကို တာဝန်ယူထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အသွင်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ် KNA ကို အရင်က ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်ခဲယမ်းတွေကို ပြန်အပ်ဖို့ စစ်ကောင်စီက တောင်းဆိုထားတယ်ဆိုပြီး Thai PBS သတင်းကို ကိုးကားဖေါ်ပြကြပါတယ်။

KNA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ ထံ စစ်ကောင်စီဖက်က ကိုယ်စားလှယ်စေလွှတ်ပြီး အဲဒီလို ပြန်ပေးဖို့ တောင်းထားတာလို့ ဆိုပါတယ်။ ဒီတောင်းဆိုချက်ကို မလိုက်နာဘူးဆိုရင် မြဝတီနဲ့ ထိုင်း-မြန်မာနယ်စပ်က ကာစီနိုရုံတွေကို တိုက်ခိုက်သွားမယ်ဆိုပြီး စစ်ကောင်စီက သတိပေးထားတယ်လို့လည်း ထိုင်းနယ်စပ် သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- KIA -က သိမ်းပိုက်ခဲ့တဲ့ တနိုင်းမြိုနယ်ထဲက ရွှေမော်၊ ပယင်းမှော်တွေရှိရာ ခ.လ.ရ (၂၉၇) ရှေ့တန်းစခန်းကနေ စစ်ကောင်စီအလောင်းတွေ၊ လက်နက်ခဲယမ်းတွေ များစွာသိမ်းမိ...

- ချင်းပြည်နယ် ဟားခါးနဲ့ တနသာင်္ရီတိုင်း သရက်ချောင်းမှာ သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More