Sunday, April 7, 2024

“ခမရ (၅၆၅) ဒု ရင်းမှူးကို အရှင်ဖမ်းမိ... တပ်မ ၁၀၁-ယာဉ်တန်းကို တိုက်ခိုက်...


“ခမရ (၅၆၅) ဒု ရင်းမှူးကို အရှင်ဖမ်းမိ... တပ်မ ၁၀၁-ယာဉ်တန်းကို တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၅- ၄- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ဘူူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၆၅) တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်ဇော်အောင်ကို ဧပြီ (၅) ရက်၊ ညနေ (၄) နာရီခန့်မှာ ဒဏ်ရာနဲ့ အရှင်ဖမ်းမိတယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို AA က သိမ်းပိုက်စဉ် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက အသက် ၄၀ အရွယ်၊ DSA အပတ်စဉ် (၄၇) ကျောင်းဆင်း ဒုရင်းမှူး ဗိုလ်မှူးဇော်ဇော်အောင်ကို ဘဒနာကျေးရွာ အနီးမှာ ဒဏ်ရာရလျက်  ဖမ်းဆီးမိတာဖြစ်ပြီး အခု ဆေးကုသမှုပေးနေတယ်လို့ ဗွီဒီယိုမှတ်တမ်းနဲ့တကွ ဖေါ်ပြထားပါတယ်။

AA ဟာ ဘူးသီးတောင်ရှိ တပ်ရင်း ၂ ခုကို ပြီးခဲတဲ့ရက်ပိုင်းအတွင်းသိမ်းနိုင်ခဲ့ပြီး မောင်တောရှိ နယ်ခြားစောင့်တပ်စခန်းနဲ့ အခြားစခန်းတွေ သိမ်းနိုင်ရေး စစ်ရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ်မှာတော့ သင်္ကန်းညီနောင်ရှိ အခြေချစစ်ဗျုဟာကို KNLA က သိမ်းပိုက်ပြီး သို့မဟုတ် စစ်ကောင်စီဖက်က လက်နက်ချပြီးနောက် မြဝတီမြို့ရှိ ဝန်ထမ်းတွေကို စစ်ကောင်စီက ထိုင်းနယ်မြေကတဆင့် ပြန်ခေါ်ယူနေ...

- အင်အား ၆၀၀ ကျော်ကို ဦးစီးလက်နက်ချခဲ့သူ သင်္ကန်းညီနောင် အခြေချစစ်ဗျုဟာ ဗျုဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်ရဲ့ ရင်ဖွင့်သံ...

- မကွေးတိုင်း၊ ကမ္မမြို့နယ်၊ သာကြီးတောင် ရေနံမြေအနီးမှာ စစ်ကောင်စီ ရိက္ခာယာဉ်တန်းကို ဒေသခံတော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More