Saturday, April 6, 2024

“သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာကို KNLA သိမ်းပိုက်... ဗျုဟာမှူးအပါဝင် အင...


“သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာကို KNLA သိမ်းပိုက်... ဗျုဟာမှူးအပါဝင် အင်အား ၆၀၀ ကျော်လက်နက်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၇- ၄- ၂၀၂၄)

ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ သင်္ကန်းညီနောင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းကို မတ်လ ၅ ရက်နေ့မှာ KNLA - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ(၅)ရက် မနက်(၈း၀၀)နာရီခန့်မှာ စတင်တိုက်ခိုက်ပြီ နေ့လယ်( ၁)နာရီခန့်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်တယ်လို့ဆိုပါတယ်။ ဒီစခန်းဟာ (၁၉၆၈) ကတည်းက အခြေချထားတဲ့စခန်းဖြစ်တဲ့အတွက် နှစ်ပေါင်း ၆၀ နီးပါး သက်တန်းရှည် စခန်းတခုလည်းဖြစ်ပါတယ်။

စခန်းတွင်းရှိ စစ်ကောင်စီရဲ့ ဗျုဟာမှူးအပါဝင် အရာရှိအဆင့်(၆၇) ဦး၊ အခြားနှင့်တပ်သားအဆင့် (၄၁၀) ဦး၊ စုစုပေါင်း (၄၇၇) ဦး လက်နက်ချ အညံ့ခံခဲ့ပါတယ်။ ဒါ့အပြင် ရဲမေ(၅၉)ဦးနှင့် တပ်မိသားစုဝင် (၈၁)ဦး စုစုပေါင်း (၁၄၀)ဦး လက်နက်ချ ဝင်ရောက်လာတဲ့အတွက် အားလုံး 
(၆၁၇)ဦး ရှိတယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါ့အပြင် ၁၂၂ မမ အဝေးပစ် ဟာဝင်ဇာ ၂ လက်၊ ၁၂၀ မမ မော်တာကြီး ၂ လက် အပါဝင်... လက်နက်ကြီး-ငယ် ရာနဲ့ချီသိမ်းမိပြီး ခဲယမ်းမျာစွာရရှိတာကိုလည်း ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါဟာ သင်္ကန်းညီနောင်ရှိ ရဲစခန်းနဲ့ ခမရ ၃၅၅ ကိုပြီးခဲ့တဲ့လအတွင်း သိမ်းပြီးတဲ့နောက် အခု အခြေချဗျုဟာကိုပါ သိမ်းလိုကတာဖြစ်ပါတယ်။ 

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းကိုလည်း တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီ သို့မဟုတ် လက်နက်ချလိုက်ပြီဆီုပြီး ဆိုရှယ်မီဒီယာမှာ သတင်းတွေပြန့်နေပေမယ့် တော်လှန်ရေးအင်အားစုဖက်က တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင်...

- မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံ လေဆိပ်နဲ့ ဆိပ်ကမ်းစီမံကိန်းနေရာကို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကြီး မြတ်ထွန်ဦးနဲ့အဖွဲ့ကို အမည်မသိ အဖွဲ့တခုက ဒရုန်းနဲ့ တိုက်ခိုက်...

- ကချင်ပြည်နယ်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်းပေါ်ရှိ စိန်လုံဗျူဟာစခန်းကို KIA က သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ ဗျူဟာမှူးအပါအဝင် စစ်သား ၁၁- ဦးကို KIA က ဖမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More