Monday, April 8, 2024

“ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်... ဟုမ္မလင်းတိုက်ပွဲမှ...


“ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်... ဟုမ္မလင်းတိုက်ပွဲမှာ လက်နက် ၁၀၀ ကျော်သိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၉ -၄- ၂၀၂၄)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် (DSA) ကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၈ ရက် မနက် ၄ နာရီမှာ ရှော့တိုက်ဒုံး (၅) လုံးနဲ့ တိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေ အဆောင်အနီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒီစစ်ဆင်ရေးကို မန္တလေးတိုင်း ပကဖ က တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဗီဒီယို မှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီနဲ့ ပျုစောထီး စခန်း ၄ ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီး လက်နက်မျိုးစုံ ၁၀၀ ကျော်အထိ ရရှိတယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင်...

- မနေ့ညက မဲဆောက်လေယာဉ်ကွင်းဆီ ရောက်လာတဲ့ စစ်ကောင်စီအထူးလေယာဉ်ဟာ မြဝတီက ဝန်ထမ်းတွေကို ခေါ်ယူတာမဟုတ်ပဲ မြဝတီမြို့ရှိ ဘဏ်အသီးသီးက မြန်မာငွေတွေကို သယ်ယူသွားတာသာဖြစ်...

- လက်နက်ချသူတွေကို သူတို့ဆန္ဒမပါပဲ ပြန်ပို့မှာမဟုတ်ဟု KNU ဗဟိုအလုပ်မှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးက ပြောကြား...

- မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောနဲ့အဖွဲ့ ဟာ ကော့ကရိတ်မြို့နယ်နဲ့ ကျိုက်မရောမြို့နယ်ရှိ တပ်ဖွဲ့ဝင်တွေ၊ ဒေသခံလူထုတွေကို သွားရောက်တွေ့ဆုံ အားပေး...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More