Sunday, April 28, 2024

“စစ်မြေပြင်မှာ မယှဉ်နိုင်လို့ ဘာမှမဆိုင်တဲ့ ဆေးရုံကို တမင် ဗုံးလာကြဲတဲ့သ...


“စစ်မြေပြင်မှာ မယှဉ်နိုင်လို့ ဘာမှမဆိုင်တဲ့ ဆေးရုံကို တမင် ဗုံးလာကြဲတဲ့သဘောဖြစ်တယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ်- မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၂၈- ၄- ၂၀၂၄)

“ကျင်ဒွေးတိုက်ပွဲအပါဝင် စစ်မြေပြင်မှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေကို ရင်ဆိုင်မတိုက်ရဲတဲ့အတွက် သူတို့ကို ဘာမှပြန်မလုပ်နိုင်တဲ့ ဆေးရုံကို တမင်ဗုံးလာကြဲတာဖြစ်တယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

ဧပြီ ၂၅ ရက် ဗုံးကြဲမှုအတွင်း လူနာ ၅ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရတဲ့အပြင် ဝမ္မသူး ဆေးရုံ လုံးဝပျက်စီးသွားတဲ့အခြေအနေ၊ အရေးပေါ်ကုသမှုပေးဖို့ အကူအညီလိုအပ်နေတဲ့အခြေအနေအပါဝင် မင်းတပ်ဒေသက စစ်ရေး-နိုင်ငံရေးအခြေအနေနဲပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ဝမ္မသူးဆေးရုံ ဗုံးကြဲခံရမှု နောက်ဆုံးအခြေအနေ...

- ကျင်ဒွေးတိုက်ပွဲအပါဝင် ဒေသတွင်း စစ်ရေးလှုပ်ရှားမှုမှာ စစ်ကောင်စီ ဘယ်လောက်အထိနာနေသလဲ...

- နွေဦးတော်လှန်ရေးကို တူမီးနဲ့စခဲ့တဲ့ မင်းတပ်နဲ့ ချင်းတောင်တန်းပေါ်က တော်လှန်ရေး ၃ နှစ်တာအတွင်း တိုးတက်မှုများ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မြဝတီတိုက်ပွဲအပါဝင် တနိုင်ငံလုံးက ၃ နှစ်တာအတွင်း တိုးတက်မှုတွေအကြောင်း ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More