Thursday, April 25, 2024

TSN One Final 025 A “နွေဦးတော်လှန်ရေးတခုလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် မြဝတီ...


“နွေဦးတော်လှန်ရေးတခုလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် မြဝတီက ဇီးရွက်လောက်ပဲ ရှိတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၅-၄-၂၀၂၄)

“ကရင်အဖွဲ့တွေကြား ရပ်တည်ချက် မပြတ်သားတဲ့အတွက် မြဝတီတိုက်ပွဲမှာ ရှုပ်ထွေးမှုအချို့ရှိခဲ့ပေမယ့် တနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးအရှိန်အဟုန်နဲ့ နိုှင်းယှဉ်ရင် ဒါဟာ ဇီးရွက်လောက်ပဲရှိတဲ့ ပြသာသနာတခုသာဖြစ်တယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့စဉ်းစားပြီး စစ်ကောင်စီပြိုနေစဉ်မှာ တော်လှန်ရေးကို အရှိန်မြှင့်ဖို့လိုတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြဝတီရှိ ခလရ (၂၇၅)ကို သိမ်းပိုက်ပြီးမှ တော်လှန်ရေးတပ်တွေဖက်က ပြန်ဆုတ်ပေးလိုက်ရတဲ့အပေါ် အများပြည်သူကြားမှာ ထင်မြင်ချက်အမျိုးမျိုးပြောဆိုနေတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- မြဝတီတိုက်ပွဲ ဘာကြောင့် အရှုပ်အထွေးများနေသလဲ...

- မြဝတီမြို့ကို ထိန်းချုပ်နိုင်ရေးက ဘာကြောင့်အရေးပါနေသလဲ...

- မြဝတီအပြင် တနိုင်ငံလုံးရဲ့ တော်လှန်ရေးအရှိန်အဟုန်က ဘယ်လိုရှိသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီအတွင်း သဘောထားကွဲမှုတွေ၊ အဖမ်းအဆီးတွေရှိနေတယ်ဆိုတာ ကတယ်လား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More