Wednesday, April 10, 2024

“မြဝတီမှာ တိုက်ပွဲပြင်းထန်လို့ ဒေသခံတွေ မဲဆောက်ဖက်ထွက်ပြေး... လွယ်ဂျယ်မ...


“မြဝတီမှာ တိုက်ပွဲပြင်းထန်လို့ ဒေသခံတွေ  မဲဆောက်ဖက်ထွက်ပြေး... လွယ်ဂျယ်က စစ်တပ်စခန်းမှာ ကျပ်ငွေ သိန်းပေါင်း ၆ သောင်းကျော်တွေ့ရှိ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၁-၄-၂၀၂၄)

ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်ရှိ ခလရ ၂၇၅ ကို KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ နယ်စပ်သတင်းတွေက ဖေါ်ပြပါတယ်။

ဧပြီ ၉ ရက်ညနေပိုင်းကတည်းက ထိုးစစ် စတင်တာဖြစ်ပြီး အခုချိန်အထိ စခန်းသိမ်းမိတာ ဒါမှမဟုတ် စစ်ကောင်စီဖက်က အသလံဖြူထောင်တာ မကြားရသေးပါဘူး။ 

ခလရ ၂၇၅ စခန်းဟာ မြဝတီမြိုု့နဲ့ ၅ ကီလိုခန့်သာကွာဝေးပြီး လက်နက်ကြီးပေါက်ပွဲသံတွေ၊ မြို့ပြင်ရပ်ကွက်မီးလောင်တာတွေရှိနေတဲ့အတွက် မြို့တွင်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ချစ်ကြည်ရေး တံတားပေါ်ကနေ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်ဖက် ထွက်ပြေးနေကြတာကို ဓာတ်ပုံမှတ်တမ်းတွေထဲ တွေ့ရပါတယ်။

၇ ရက်စာ နယ်စပ်ဖြတ်လက်မှတ်ယူပြီးမှ ထိုင်းနယ်မြေထဲဝင်ရတာဖြစ်တဲ့အတွက် အဲဒီလုပ်ငန်းစဉ်အတွင်း မြန်မာ-ထိုင်း ၂ ဖက်စလုံးမှာ လဝက ဝန်ထမ်း မလုံလောက်တဲ့အတွက် ရာနဲ့တဲ့လူတွေ မြန်မာဖက်မှာ စောင့်နေရဆဲလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီဖက်ကတော့ မြဝတီကို စစ်ကူပေးဖို့ တင့်ကား၊ သံချပ်ကာကားအပါဝင် အစီး ၂၀ ကျော် ယာဉ်တန်းတခုကို ဘားအံကနေ မြဝတီမြို့ဆီ စေလွှတ်လိုက်ပြီလို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြပါတယ်။

မော်လမြိုင်-သထုံ-ဘားအံ ကတဆင့် တက်လာတဲ့ အဲဒီယာဉ်တန်းဟာ တပ်မ ၅၅ က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကား ၂၂ စီး၊ အင်အား ၃၀၀ ခန့်ရှိတယ်လို့ဆိုပါတယ်။ အဲဓီယာဉ်တန်းကို ဂျိုင်းတံတားမှာ တော်လှန်ရေးအဖွဲ့တွေက စတင်တိုက်ခိုက်နေပြီလို့လည်း ဒေသတွင်း မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ်၊ လွယ်ဂျယ်-နယ်စပ်ကုန်သွယ်ရေးမြို့ရှိ ခလရ ၁၄၂ တပ်ရင်းကို KIA ကချင့်လွတ်လပ်ရေးတပ်က ရှင်းလင်းရေးလုပ်စဉ် ငွေကျပ် သိန်းပေါင်း ၆ သောင်းကျော် တွေ့ရှိ...

- ဖားကန့်မြိုနယ်ရှိ နန့်ယား-စစ်ကောင်စီတပ်စခန်းကို မနေ့ည ၁၀ နာရီခန့်မှာ KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ရဲ့ အပတ်စဉ်(၆) သင်တန်းဆင်းပွဲကို ဧပြီ (၁၀)ရက်နေ့က အမှတ်(၁၀၇)စစ်ဒေသမှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More