Friday, April 19, 2024

“ခေတ်သစ်စစ်ပွဲ အခင်းအကျင်းတွေပြောင်းလဲသွားတာကို စစ်ကောင်စီက နားမလည်ဘူး”


“ခေတ်သစ်စစ်ပွဲ အခင်းအကျင်းတွေပြောင်းလဲသွားတာကို စစ်ကောင်စီက နားမလည်ဘူး”

- ဒေါက်တာ မီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ) 

(၁၉ - ၄- ၂၀၂၄)

“ဒီနေ့စစ်ပွဲ အခင်းအကျင်းတွေက အရင် နှစ် ၇၀ အခြေအနေနဲ့မတူတော့ဘူး။ နည်းပညာသုံး စစ်နည်းဗျုဟာတွေမှာ တော်လှန်ရေးအင်အားစုဖက်က အသာစီးရလာနေပြီဖြစ်တယ်။ ဒီလိုစစ်ရေးအခင်းအကျင်းပြောင်းလဲသွားတာကို စစ်ကောင်စီက မသိလိုက်ဘူး၊ နားမလည်ဘူးဖြစ်နေတယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ (Asia Pacific Center for Security Studies) ပါမောက္ခ ဒေါက်တာ
မီမီဝင်းဘတ်က ပြောပါတယ်။

နေပြည်တော်၊ ပြင်ဦးလွင်နဲ့ မော်လမြိုင်က စစ်ဖက်ဆိုင်ရာအဆောက်ဦတွေ၊ စစ်ဖက်ဆိုင်ရာ အရေးကြီးပုဂ္ဂိုလ်တွေ ဒရုန်းစာမိတာ ဘာကြောင့်လဲ၊ စစ်တပ်ဖက်မှာ လုံခြုံရေးစည်း ပျက်နေပြီလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မးမြန်းစဉ် အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- နေပြည်တော်၊ ပြင်ဦးလွင်နဲ့ မော်လမြိုင်က စစ်ရေးပစ်မှတ်တွေ ဒရုန်းစာမိတာ ဘာကြောင့်လဲ...

- စစ်ပွဲဆိုင်ရာ အခင်းအကျင်းတွေ ပြောင်းလဲမှုကို စစ်တက်ဖက်က ခေတ်နဲ့အညီ မလိုက်နိုင်တာ ဘာကြောင့်လဲ...

- လေတပ်ပဲအားရှိပြီး မြေပြင်တပ်က အားမရှိရင်လည်း ဘာမှ လုပ်မရဘူးဆိုတာကို စစ်တပ်က သဘောပေါက်လာပြီလား...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လူထုကိုဗုံးကြဲရင် လူထုကကြောက်သွားသလား... ပိုစိတ်နာသွားပြီး တော်လှန်ချင်စိတ်ကို ဆွပေးသလိုဖြစ်သွားသလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More