Saturday, April 20, 2024

“မြဝတီမှာ တိုက်ပွဲပြင်းထန်လို့ ထောင်နဲ့ချီတဲ့ပြည်သူတွေ ထိုင်းဖက် ထွက်ပြေ...


“မြဝတီမှာ တိုက်ပွဲပြင်းထန်လို့ ထောင်နဲ့ချီတဲ့ပြည်သူတွေ ထိုင်းဖက် ထွက်ပြေး...  နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၁- ၄- ၂၀၂၄)

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်မှာ ဧပြီ ၁၉ ညနေပိုင်း ကတည်းက စတင်ခဲ့တဲ့တိုက်ပွဲဟာ ဧပြီ ၂၀ ည သန်းခေါင်ယံအထိ ဖြစ်နေဆဲလို့ နယ်စပ်သတင်းတွေက ဖေါ်ပြပါတယ်။

ချစ်ကြည်ရေးတံတားအောက်မှာ ပုန်းနေတဲ့ ခလရ ၂၇၅ က ထွက်ပြေးလာတဲ့စစ်သားတွေကို တော်လှန်ရေးတပ်ပေါင်းစုက ညဖက်မှာ ဒရုန်းနဲ့ဗုံးကြဲပြီး မနက်ဖက်မှာ ရှင်းလင်းရေးလုပ်ပြီးတဲ့နောက် စစ်ကောင်စီဖက်ကနေ အဲဒီတံတားဖက်ကို Y 12 အပါဝင် တိုက်လေယာဉ်တွေနဲ့ မရပ်မနား တောက်လျှောက် ဗုံးကျဲနေတယ်လို့ဆိုပါတယ်။

တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီဗုံးဒဏ်ကိုကြောက်တဲ့ မြဝတီမြို့ခံတွေဟာ မနက်အစောပိုင်းကနေ ညသန်းခေါင်ရောက်တဲ့အထိ ထိုင်းနိုင်ငံ မဲဆောက်ဖက်ထွက်ပြေးနေကြတာ ထောင်နဲ့ချီရှိနေပြီလို့ဖေါ်ပြပါတယ်။ အချို့နေရာတွေမှာ ထိုင်းစစ်သားတွေက လက်ခံကြိုဆိုပေမယ့် အချို့နေရာတွေမှာ လက်မခံတဲ့အတွက် မြဝတီဖက်ခြမ်း သောင်းရင်းမြစ်ကမ်းမှာ ဖြစ်သလို အိပ်နေရတာကို ဓာတ်ပုံမှတ်တမ်းတွေထဲ တွေ့ရပါတယ်။

စစ်လေယာဉ်တွေဟာ အမှတ် ၂ တံတားအပြင်  မြဝတီမြို့တွင်း၊ ပတ္တမြားဓာတ်ဆီဆိုင်လမ်းကြား၊ မဟာစည်၊ မွေးမြူရေးဇုန် စတဲ့နေရာတွေကိုလည်း ဗုံးကြခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် မြဝတီကနေ စစ်ရှောင်တဲ့လူဦးရေ ၆၀၀၀ ခန့်ရှိနေပြီး အဲဒီထဲက ၂၀၀၀ ကျော်ဟာ ထိုင်းဖက် ရောက်သွားကြပေမယ့် အများစုက မြဝတီဖက်ချမ်းမှာ ရှိနေဆဲဖြစ်တယ်လို့ KIC - Karen Information Center က ဖေါ်ပြထား ပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတရပ်အရတော့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက်ဟာ အမှတ် ၂ ချစ်ကြည်ရေးတိုက်ပွဲအတွင်း ကျဆုံးသွားတယ်လို့ နယ်စပ်သတင်းတွေမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။

ဒ့ါအပြင်...

- လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာကို စစ်ကောင်စီက ဗုံးကြဲတဲ့အတွက် ကလေးငယ် ၂ ဦးအပါဝင် ပြည်သူ(၆)ဦး သေဆုံး...

- ကချင်ပြည်နယ်မှာတော့ ဝိုင်းမော်မြို့ကနေ ချီဖွေ၊ ပန်ဝါဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ KIA ကချင်လွတ်လပ်ရေးတပ်တို့ ဧပြီး ၁၉ တရက်တည်းမှာတင် တိုက်ပွဲ ၂ ကြိမ်ဖြစ်၊ စစ်ကောင်စီကား မီးလောင်...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More