Monday, April 22, 2024

“စစ်ကောင်င်စီ စစ်ကြောင်းကို KNLA က ကြားဖြတ်တိုက်... သံချပ်ကာယာဉ်နဲ့ လက်န...


“စစ်ကောင်င်စီ စစ်ကြောင်းကို KNLA က ကြားဖြတ်တိုက်... သံချပ်ကာယာဉ်နဲ့ လက်နက်ခဲယမ်းများစွာသိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၃- ၄ -၂၀၂၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူလာဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KNLA ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက် ၆ ဦးသေဆုံး၊ သံချပ်ကာယာဉ်နဲ့ လက်နက်ခဲယမ်းများစွာ သိမ်းဆီးရမိတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၁ ရက်မှာ အခုလို တိုက်ခိုက်တာဖြစ်ပြီး ဗိုလ်ကြီး (၁) ဦးနဲ့ ဗိုလ်လေး (၁) ဦး အပါအဝင် (၆) ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဉ် (၁) စီး၊ စက်သေနပ်တပ်ဆင်ထားတဲ့ စစ်သုံးယာဉ် (၂) စီး၊ ပွိုင့်ဖွိုက် (၁) လက် အပါအဝင် လက်နက်ငယ် (၁၁) လက် နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်း ရမိတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တချိန်တည်းမှာပဲ ဧပြီ ၂၀ ရက်နေ့ မြဝတီမြို့ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂) တိုက်ပွဲမှာလည်း ခလရ ၂၇၅ ကနေ ထွက်ပြေးလာပြီး တံတားအောက်မှာ ပုန်းအောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ၃၀ ခန့်သေဆုံးပြီး တပ်မ(၄၄) တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် (၃၀)ကျော် ဒဏ်ရာရတယ်လို့ ဖေါ်ပြပါတယ်။

စစ်ကောင်စီဟာ မြဝတီမြို့အား ပြန်လည်ရရှိရေးအတွက် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို ဖေါ်ဆောင်နေပြီး လူအင်အား၊ လက်နက်အင်အား အပြည့်အစုံနဲ့ ထိုးစစ်ဆင်နေတယ်။ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူ နေ့ညမပြတ် ဗုံးကြဲနေပါတယ်။

စစ်ရေးအရ ရှုံးနှိမ့်နေတဲ့ စစ်ကောင်စီဟာ  လက်နက်ကြီးနဲ့ လေယာဉ်ကိုအားကိုးပြီး လူထုကိုပစ်မှတ်ထားကာ ကျေးရွာတွေကို တမင်ပစ်ခတ်နေတယ်။ လူထု ထိခိုက်မှုရှိလာနေတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်....

- မြဝတီမှာ တိုက်ပွဲငြိမ်လို့ မဲဆောက်စစ်ရှောင်စခန်းကနေ အိမ်ပြန်ဖို့ပြင်သူတွေ မနေ့က ဗုံးကြဲတဲ့အတွက် အိမ်မပြန်နိုင်ဖြစ်နေဆဲ....

- ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မိုးမောက်ဖက်မှာ တိုက်ပွဲဖြစ်၊ ဖားကန်း ဆယ်ဇင်းဖက်မှာလည်း တိုက်ပွဲပြင်ထန်နေတယ်လို့ KIA ပြောခွင့်ရက BNN ပြောကြား....

-  စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၂၀ ခန့်သေဆုံးပြီး ၆၀ မမအပါဝင် လက်နက်ခဲယမ်းတွေ သိမ်းမိ...

- မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်ရှိ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးမှာ ဧပြီ ၂၁ က တိုက်ပွဲပြင်းထန်၊ စစ်ကောင်စိလေတပ်က ဘုန်ကြီးကျောင်းတွေကို ဗုံးကြဲ...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More