“စဉ့်ကူးမြို့နယ်က စစ်ကောင်စီစခန်း MDY- PDF သိမ်းပိုက်... ကျင်ဒွေးမြို့ကို ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”
(၁- ၅- ၂၀၂၄)
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဖက်က ၁၁ ဦးသေ၊ ၁၅ ဦး လက်နက်ချက်တယ်လို့ MDY- PDF မန္တလေး- PDF က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ (၂၈) ရက် မနက်ခင်းပိုင်းမှာ အခုလိုတိုက်ခိုက်တာဖြစ်ပြီး ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင် (၁၁)ဦး သေဆုံး၊ (၁၅) ဦး လက်နက်ချ အညံ့ခံ၊ ၆၀ မမ အပါဝင် လက်နက်ကြီး-လက်နက်ငယ် ၂၀ လက် သိမ်းမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- ချင်းပြည်နယ်၊ ကန်ပက်လက်မြိုနယ်တွင်းက ကျင်ဒွေးမြို့ကို ချင်းတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်...
- ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို လေထီးနဲ့ချပေးတဲ့ ရိက္ခာခြောက်အတော်များများကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက သိမ်းမိ...
- ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရှမ်နီပြည်သူ့စစ် SNA က အဖွဲ့ဝင် ၅ ဦး ပြည်သူ့ရင်ခွင်သို့ခိုလှုံ...
...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment