Thursday, April 4, 2024

“လေယာဉ်ပစ်လက်နက် မရှိသေးရင် လေယာဉ်ကွင်း၊ လေယာဉ်ဆီ၊ လေယာဉ်မောင်းတွေဖက်ကို...


“လေယာဉ်ပစ်လက်နက် မရှိသေးရင် လေယာဉ်ကွင်း၊ လေယာဉ်ဆီ၊ လေယာဉ်မောင်းတွေဖက်ကို စဉ်းစားတာ မျိုးပေါ့”

- ဒေါက်တာ မီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၃- ၄- ၂၀၂၄)

“စစ်လေယာဉ်တစီး ဗုံးကြဲဖို့ဆိုတာ လေယာဉ်ကွင်း၊ လေယာဉ်ဆီ၊ လေယာဉ်မောင်း၊ လေယာဉ်ပြင်သူ စသဖြင့် မြေပြင်မှာ အဆင့်ဆင့်လုပ်ရတာ၊ အဲထဲက အဆင့်တခုခုကို ဟန့်တားနိုင်ရင်လည်း ရတယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

လက်နက်ကောင်းဖို့ထက် ဗျုဟာကောင်းဖို့က ပိုအရေးကြီးတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး လေယာဉ်ပစ်လက်နက်မရှိပဲ စစ်လေယာဉ်ကို ဘယ်လိုတားဆီးနိုင်မလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- လက်နက်ကောင်းဖို့ထက် ဗျုဟာကောင်းဖို့က ပိုအရေးကြီးတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...

- တရုတ်အပါဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုအပေါ် တော်လှန်ရေးအင်အားစုတွေက ဘယ်လို တုန့်ပြန်သင့်သလဲ...

- ဒီတကြိမ်မှာ စစ်တပ်က အရင်လို ပြန်နိုင်မှာမဟုတ်တော့ဘူးဆိုတာကို နိုင်ငံတကာ ပညာရှင်တွေ၊ နိုင်ငံတကာအစိုးရတွေက လက်ခံလာပြီလား...

...  စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More