Sunday, April 21, 2024

“မြဝတီမှာ တိုက်ပွဲပြန်ငြိမ်... ရွာငံနဲ့ တံတားဦးဖက်မှာ တိုက်ပွဲဖြစ်... နေ...


“မြဝတီမှာ တိုက်ပွဲပြန်ငြိမ်... ရွာငံနဲ့ တံတားဦးဖက်မှာ တိုက်ပွဲဖြစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဧပြီ ၂၀ ရက်နေ့က တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၁ ရက်မှာတော့ မနက် ၁၀ နာရီနောက်ပိုင်း တိုက်ပွဲပြန်ငြိမ်သွားတယ်လို့ နယ်စပ် သတင်းတွေက ဖေါ်ပြပါတယ်။

အချို့သတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရ မြဝတီမြို့ အမှတ်(၂)တံတားရှိ စစ်ကောင်စီတပ်တွေကို ၃၆ နာရီကြာ ထိုးစစ်ဆင်ပြီးတဲ့နောက် တော်လှန်ရေးတပ်တွေဟာ မနေ့က မွန်းလွဲပိုင်းမှာ ယာယီခွာစစ်ပြန်လုပ်သွားတယ်။ မြို့တွင်းက ပြည်သူတွေ ထိုခိုက်မှု ပိုများမှာစိုးတဲ့အတွက် အခုလို ယာယီခွာသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မြဝတီမြို့က ပြည်သူ ၅ ဦးခန့်သေဆုံးတယ်လို့ နယ်စပ်သတင်းတွေက ဖေါ်ပြပါတယ်။ ထိုင်းသတင်းဌာန The Reporters ကတော့ မြဝတီဖက်မှာ တိုက်ပွဲငြိမ်သွားတဲ့အတွက် မြန်မာစစ်ဘေးရှောင် ၁၀၀၀ ခန့် မဲဆောက်ရှိ စစ်ရှောင်စခန်းကနေ မြဝတီဖက်ကို ပြန်သွားတယ်လို့ဖေါ်ပြပါတယ်။

အရင် ၃၀၀၀ ကျော်ရှိနေရာကနေ မနေ့ ညနေပိုင်းမှာ ၁၆၀၀ ကျော်ကျော်လေးပဲ ကျန်တယ်လို့ဆိုပါတယ်။ ပြန်သွားသူတွေဟာ မြဝတီက အိမ်တွေနဲ့မိသားစုတွေကို စိုးရိမ်လို့ပြန်သွားကြတာသာဖြစ်ပြီး ထိုင်းဖက်က အတင်းပြန်ခိုင်းတာမရှိဘူး။ အရေးပေါ်အခြေအနေရ ပြန်လာရင် ပြန်လက်ခံဖို့အဆင့်သင့်ရှိတယ်လို့ နယ်စပ်တာဝန်ရှိသူတွေပြောတာကို ကိုးကားဖေါ်ပြပါတယ်။

နောက်ထူးခြားသတင်းကတော့ ကော့ကရိတ်ဖက်ကနေ စစ်ကူလာနေတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်ပေါင်းစုက ရှေ့မတိုးနိုင်အောင် ဒေါနတော်ခြေမှာ ပိတ်ဆို့ထားဆဲဖြစ်ပြီး သံချပ်ကားတစီး မြဝတီဖက် ရောက်လာတယ်ဆိုတာဟာ သတင်းအမှားသာဖြစ်တယ်လို့ KNLA တပ်မဟာ ၆ က ဗိုလ်မှူး နယ်ဒါထူး ပြောတာကိုလည်း ဖေါ်ပြထားပါတယ်။

KIC- Karen Information Center သတင်းတပုဒ်မှာတော့ စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်တဲ့အပြင် အဆိပ်ငွေ့လို မျက်ရည်ယိုဗုံးတွေပါ သုံးလာတဲ့အတွက် တော်လှန်ရေးတပ်တွေဖက်က မူလစခန်းထိုင်ထားတဲ့နေရာတွေကနေ နေရာ အပြောင်းအလဲလုပ်ပြီး စစ်ကောင်စီတပ်ကို အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- မန္တလေးတိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-မန္တလေး အဝေးပြေးလမ်းပေါ်ရှိ မြင်းကျဒိုး ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီ ၃ ဦးသေ၊ လက်နက်ငယ် ၂- လက်ရရှိခဲ့တယ်လို့ ရွာငံ PDF က သတင်းထုတ်ပြန်...

- မန္တလေးမြို့၊ တံတားဦး လေဆိပ်ကို လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ၄ ဦးသေဆုံး...

- ကရင်နီပြည်နယ်မှာ KNDF (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) အမှတ် ၁၀ တပ်ရင်းနဲ့ SODF ( Special Operation Drone Force) တို့ ပူးတွဲပြုလုပ်တဲ့ ဒရုန်း သင်တန်းဆင်းပွဲ ကျင်းပ...

- ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် PDF - Zoland က  ပြည်သူတွေ ပံ့ပိုးကူညီတဲ့ စစ်သုံးပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်...

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More