Tuesday, April 9, 2024

“လွယ်ဂျယ်မှာ စစ်ကောင်စီမရှိတော့ဘူး၊ KIO က လုံး၀ သိမ်းလိုက်ပါပြီ”


“လွယ်ဂျယ်မှာ စစ်ကောင်စီမရှိတော့ဘူး၊ KIO က လုံး၀ သိမ်းလိုက်ပါပြီ”

- ဗိုလ်မှူးကြီးနော်ဘူ (ပြန်ကြားရေးအရာရှိ - KIO/ KIA)

(၉ - ၄- ၂၀၂၄)

“တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်က လွယ်ဂျယ်-နယ်စပ်ကုန်သွယ်ရေးမြို့ရှိ စစ်ကောင်စီတပ်သားတွေအားလုံး မနေ့က စခန်းစွန့်ထွက်ခွာသွားပြီဖြစ်တဲ့အတွက် လွယ်ဂျယ်မှာ စစ်ကောင်စီမရှိတော့ဘူး။ လွယ်ဂျယ်ကို KIO က လုံးဝသိမ်းပိုက်လိုက်ပြီ၊ အခု မြို့တွင်း အုပ်ချုပ်ရေးချဖို့ပြင်ဆင်နေတယ်” လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရဲစခန်းနဲ့ ဌာနဆိုင်ရာ အုပ်ချုပ်ရေးအဆောက်ဦတွေ အားလုံးကို သိမ်းပိုက်ပြီးနောက် ရဲနဲ့ စစ်သားတွေအားလုံးဟာ တပ်ရင်း ၁၄၂ မှာ ဝင်ရောက်စုစည်းနေကြတယ်။ မနေ့ကတော့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဗိုလ်မှူးကြီးက ပြောပါတယ်။

လွယ်ဂျယ်မြို့သိမ်းတိုက်ပွဲအပါဝင် ကချင်ဒေသက နောက်ဆုံးတိုးတက်မှုတွေအကြောင်း ကိုဟန်ထွန်းက စုစည်းတင်ပြထားပါတယ်...

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More