Sunday, April 14, 2024

“နမခ ယာဉ်တန်းကို PDF က ကြားဖြတ်တိုက်ခိုက်... ပြင်ဦးလွင်စစ်တက္ကသိုလ် ဒရုန...


“နမခ ယာဉ်တန်းကို PDF က ကြားဖြတ်တိုက်ခိုက်... ပြင်ဦးလွင်စစ်တက္ကသိုလ် ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၅- ၄- ၂၀၂၄)

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ အရာတော်မြိုနယ် စစ်သင်တန်းကျောင်းသို့ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၂၀ ကျော်သေဆုံး၊ ၄၅ ဦး အရှင်ဖမ်းမိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၂ ရက် နေ့လယ် တနာရီခွဲခန့်မှာ မိနစ် ၃၀ ကြာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေရာကတော့ အရာတော်မရောက်ခင် ကမ်းဖြူရွာအနီးမှာဖြစ်တယ်လို့ဆိုပါတယ်။ စစ်ကောင်စီဖက်က စစ်ထရပ်ကား ၅ စီးနဲ့ Express ကားတစီး ထွက်လာတာဖြစ်ပြီး အဲဒီကားပေါ်မှာ စစ်သင်တန်းသားအသစ် ၂၅၀ နဲ့ စစ်သားတွေပါတယ်လို့ ထုတ်ပြန်ချက်က ဖေါ်ပြပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်က  ဗိုလ်ကြီး (၁) ဦးအပါအဝင် (၂၀) ဦး သေဆုံး၊ (၁၅) ဦး ဒဏ်ရာရကာ စစ်သုံ့ပန်း (၄၉) ဦး ဖမ်းဆီးရမိပါတယ်။ ဒ့ါအပြင် လက်နက် မျိုးစုံ (၆) လက်နဲ့ ခဲယမ်းမီးတွေလည်း သိမ်းမိတယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖေါ်ပြထားပါတယ်။

ဒီစစ်ဆင်ရေးမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်တွေကတော့ အမှတ် (၁) စစ်ဒေသ၊ မုံရွာခရိုင်ကွပ်ကဲမှုနဲ့ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီး အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ် (၁၁) ပကဖ ၊မိတ္ထီလာခရိုင် တပ်ရင်း (၂)၊ Danger Force LPDF၊ ကျားသစ်နက် LPDF၊ နဲ့ Special Revolution Force LPDF တို့ဖြစ်တယ်လို့ အမှတ် (၁) စစ်ဒေသ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ချင်းပြည်နယ်၊ တီးတိန်မြိုမှာ စစ်ကောင်စီအတွက် စစ်သားသစ်စုဆောင်းပေးတဲ့ တီးတိန်ခရိုင် လဝက မှူးကို PDF Zoland က ဖမ်းဆီး...

- ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုအနီးရှိ  ကော့နွဲကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀)ခန့် ရောက်ရှိနေပြီး အာရှလမ်းမကြီးကတဆင့် မြဝတီမြို့ဘက်သို့ စစ်ကူတက်ရန်ကြိုးပမ်းနေဆဲ...

- သင်္ကြန်ကာလအတွင်း စစ်ကောင်စီဥက္ကဌ အပူရှောင်ဖို့ရောက်နေတဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ်နဲ့ မြို့တွင်းနေရာအချို့မှာ မနေ့ည ၉ နာရီခန့်က ပေါက်ကွဲသံတွေကြားရ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More