Monday, April 15, 2024

“ခလရ (၁၀၃)က တပ်ရင်းမှူးအပါအဝင် (၄၈) ဦး KNLA ထံ လက်နက်ချ... ညောင်ရွှေတို...


“ခလရ (၁၀၃)က တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် (၄၈) ဦး KNLA ထံ လက်နက်ချ...  ညောင်ရွှေတိုက်ပွဲမှာ စစ်ကောင်စီ ၃၀ ခန့်ကျဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၆- ၄- ၂၀၂၄)

စစ်ကောင်စီတပ် ခလရ (၁၀၃)က တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၄၈ ဦး KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်) တပ်မဟာ ၄ နဲ့ ပူးပေါင်းတပ်ထံ ဧပြီ ၁၅ ရက်က လက်နက်ချခဲ့တယ်လို့ KIC- Karen Information Center က ဖေါ်ပြပါတယ်။

KNU ဘိတ်-ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ (အရင် ဘုရားသခင်တပ်မတော်နဲ့ စွမ်းအားမြင့်ကျောင်းသားတွေအခြေစိုက်ခဲ့ဖူးတဲ့နေရာ) ကမာပလောနဲ့ ထောမာဖြိုးစခန်းကနေ မင်းသမီးစခန်းအနီးရှိ ထီးထာဗျုဟာဖက် ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်စဉ် အခုလို လက်နက်ချတာ ဖြစ်ပါတယ်။

ခလရ ၁၀၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်း ဦးဆောင်တဲ့ စစ်ကြောင်းကို ထီးထာမရောက်ခင် မောထာရွာအနီးမှာ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တာဖြစ်ပြီး ဗိုလ်ကြီးတဦးအပါဝင် ၆ ဦးသေပြီးနောက် တပ်ရင်းမှူး အပါဝင် အင်အား ၄၈ ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာ ပြောတာကို ကိုးကားဖေါ်ပြပါတယ်။

ဒါ့အပြင် ပွိုင့်ဖိုက်၊ ငါးကြင်းမြီး၊ RPG အပါအဝင် လက်နက်မျိုးစုံ (၆၈) လက် သိမ်းဆည်းရမိတယ်လို့လည်း ဓာတ်ပုံနဲ့တကွ ဖေါ်ပြထားပါတယ်။ 

ဒီတိုက်ပွဲအတွင်း ပါဝင်တဲ့ တော်လှန်ရေးတပ်တွေကတော့ KNLA တပ်မဟာ ၄ စစ်ကြောင်း၊ KNLA တပ်ရင်း ၁၀၊ တပ်ရင်း ၂၇၊ တပ်ရင်း ၂၀၃ နဲ့ PDF ပူးပေါင်းတပ်တွေဖြစ်တယ်လို့ KIC က ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ဘားအံ-ကောကရိတ်ကတဆင့် မြဝတီဖက် တက်လာနေဆဲဖြစ်တဲ့ စစ်ကောင်စီ စစ်ကူယဉ်တန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေ...

- တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတဲ့ မြဝတီမြို့ပြင်က ခလရ  ၂၇၅ တပ်ရင်းအလံတိုင်မှာ စစ်ကောင်စီအလံကိုဖြုတ်ချပြီး ကရင့်အမျိုးသားအလံတော်လွှင့်ထူလိုက်တာကို ထိုင်းသတင်းဌာနတွေက ဖေါ်ပြ...

- ဧပြီ ၁၄ ရက်နေ့ ညကဖြစ်ခဲ့တဲ့ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးနဲ့အတိုက်ခံရမှုကို မန္တလေး PDF က ဆောင်ရွက်တာဖြစ်ပြီး စစ်ကောင်စီဥက္ကဌကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ NUG ရဲ့ မီဒီယာ PVTV က ဖေါ်ပြ...

- ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာအနီးရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ (IPDF) အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ၃၀ ကျော်သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More