Sunday, April 6, 2025

တောင်ခမ်းကို စစ်တပ်က ဗုံးကြဲ... ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်..


တောင်ခမ်းကို စစ်တပ်က ဗုံးကြဲ... ကျောက်ဖြူမှာ တိုက်ပွဲဆင်ပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၇ ဧပြီ ၂၀၂၅

နောင်ချိုမြို့နယ် တောင်ခမ်းရွာကို စစ်လေယာဉ်က အဆိပ်ငွေ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၆၊ မွန်းလွဲ ၂ နာရီခန့်မှာ တိုက်ပွဲဖြစ်နေတဲ့ တောင်ခမ်းရွာက ၉၀၂ တပ်စခန်းအနီး တော်လှန်ရေး တပ်တွေ ရှိတဲ့ နေရာကို အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်သွားတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီ ၅ ည ၁၀ နာရီခန့်ကလည်း နောင်ချိုမြိုနယ် နောင်လင် ရွာနဲ့ နမ့်ဆောင်ဟူး ရွာကို  စစ်လေယာဉ်က ပေါင် ၂၅၀ ဗုံး ၃ ကြိမ် ကြဲချတဲ့အတွက် နေအိမ် ၄ လုံး ပျက်စီးတယ်လို့လည်း ဖော်ပြပါတယ်။

ဧပြီ ၅ ရက်နေ့မှာ မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင် အနီးကို စစ်လေယာဉ်က ဗုံးကြဲပြီးနောက် အခုလို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာဖြစ်ပါတယ်။

ဧပြီ ၂ ကနေ ၂၂ အထိ အပစ်ခတ်ရပ်စဲတယ်လို့ကြေညာထားတဲ့ စစ်ကောင်စီဟာ TNLA ထိန်းချုပ်ဒေသတွေကို စစ်အင်အားဖြည့်တာ၊ ထိုးစစ်ဆင်တာ၊ ဗုံးကြဲတာတွေ ဆက်တိုက် လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ညောင်ရွှေမြို့နယ် အင်းလေး ဒေသရှိ ရေပူရွာကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO/PNA တပ်တွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် နေအိမ်တွေ ပျက်စီး...

- ဆီမီးခုံမြို့ ဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို တော်လှန်ရေး တပ်တွေက ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်သား ၃ ဦး သေပြီး အချို့ဒဏ်ရာရ...

- ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီ တပ် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ...

- ထိုင်း-မြန်မာနယ်စပ် မောတောင် ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်း ကျေးရွာအနီးက ချောင်းနောက်ပြန် ရွာကို စစ်လေယာဉ်က ၂ ရက်ဆက်တိုက် ဗုံးကြဲတဲ့အတွက် ဒီလမ်းကြောင်းကို ဒေသခံတွေ အသုံးမပြုဘဲ ရှောင်ကြဖို့ တော်လှန်ရေး တပ်တွေက တိုက်တွန်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More