Wednesday, April 30, 2025

တပခ ကို ရှော့တိုက်ဒုံးနဲ့ ပစ်... ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းမှာ တိုက်ပ...


တပခ ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးနဲ့ ပစ်... ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁ မေ ၂၀၂၅

ပဲခူးတိုင်း၊ တောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို  ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကို စုံစမ်းနေဆဲလို့ Mountain Knight Civilian Defense Forces (MKCDF) က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၃၀ မနက် တနာရီခွဲခန့်မှာ တိုက်ခိုက်တာဖြစ်ပြီး ဒုံးကျည် ၈ လုံးစလုံး ပစ်မှတ်ကို ထိမှန်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းကို  ဧပြီ ၃၀ မှာ စစ်ကောင်စီ တပ်ဘက်က တန်ပြန် ထိုးစစ်ဆင်နေ...

- ဗန်းမော်မြို့က စကခ ၂၁ နဲ့ တက္ကသိုလ် အနီးရှိ စစ်တပ်စခန်းကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ ပူးပေါင်းတပ်က အဓိက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ အပြင်းအထန် ခုခံနေ...

- မိုးကုတ်မြို့ကို ဧပြီ ၃၀ ည ၈ နာရီခွဲခန့်မှာ စစ်လေယာဉ်က ဗုံးကြဲသွားတဲ့အတွက် ထိခိုက်မှုရှိနိုင်...

- သီပေါမြို့နယ် တင်းဟိုင်းရွာနဲ့ ဟူးမီရွာဘက်မှာ ဧပြီ ၂၈၊ ၂၉ က ဖြစ်ပွားခဲ့တဲ့ ရှမ်းတပ်မတော် SSPP/SSA နဲ့  MNDAA ကိုးကန့်တပ် အကြား ပစ်ခတ်မှု ပြဿနာတွေကို ဗဟိုအဆင့် ဆွေးနွေးမှုကနေ ဖြေရှင်းသွားမယ်လို့ SSPP သတင်းထုတ်ပြန်...

- ရေစကြို အခြေစိုက် စစ်ကောင်စီတပ်ရင်းက စစ်သားသစ် ၃ ဦးဟာ MA1 သေနတ်တလက်၊ ဗုံးသီးတွေနဲ့ အတူ Southern YSO PDF ထံ ခိုလှုံုလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More