စေတုတ္တရာ တိုက်ပွဲ စစ်ကောင်စီ အထိနာ... သင်္ကြန်ကာလမှာ စစ်သုံ့ပန်းအချို့ကို AA က ပြန်လွတ်ပေး...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၅ ဧပြီ ၂၀၂၅
မကွေးတိုင်း၊ စလင်း-စေတုတ္တရာ လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများပြီး သုံ့ပန်း ၄ ဦးနဲ့ လက်နက် ၅ လက် ရရှိတယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၁၂ ညပိုင်းမှာ ဝင်တိုက်တာဖြစ်ပြီး မိနစ် ၂၀ အတွင်း စခန်းသိမ်းနိုင်တယ်၊ သုံ့ပန်းတွေ ဖမ်းဆီးပြီး စခန်းကို မီးရှိုခဲ့တယ်လို့ ဗီဒီယို မှတ်တမ်း ဖော်ပြပါတယ်။
ဒါ့အပြင်...
- လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာကနေ ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၈ ဦးသေ၊ ၄ ဦး ဒဏ်ရာရ...
- ကျွန်းစုမြို့နယ်၊ ပဲ့တိုင် ကျေးရွာရှိ ပျူစောထီး အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ပျူစောထီးတွေ သေဆုံး၊ ဒဏ်ရာရမှု ရှိနိုင်...
- ဖလမ်း မြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ KRF ကလေးဒေသ တော်လှန်ရေးတပ် ရဲဘော်တွေကို ဒေသခံ လူထုက အခမ်းအနားနဲ့ ကြိုဆို...
- မြန်မာ့နှစ်သစ်ကူး အခါသမယကို ကြိုဆိုတဲ့အနေနဲ့ AA အာရက္ခတပ်တော်နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF တို့က စစ်သုံ့ပန်းတွေ ရာနဲ့ချီ ပြန်လွတ်ပေး...
- ဧပြီ ၁၄ သင်္ကြန် အကျနေ့ ကနီမြို့နယ်၊ အင်းတော်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်အပါဝင် အလှူပွဲ- သြက်န်ပွဲကျင်းပတဲ့နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးဆက်ကြဲ...
- စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆီ ဖိတ်ခေါ်ပြီး ငလျင်ကူညီရေးကိစ္စ ဆွေးနွေးဖို့ရှိတယ်လို့ အာဆီယံ ဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်က အသိပေး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment