Sunday, April 20, 2025

“စစ်တပ်က ပြိုနေပြီ၊ ကျနော်တို့ဖက်က ထိုးစစ်တွေ ဆက်တိုက်လုပ်နိုင်ဖို့ပဲ လိ...


“စစ်တပ်က ပြိုနေပြီ၊ ကျနော်တို့ဖက်က ထိုးစစ်တွေ ဆက်တိုက်လုပ်နိုင်ဖို့ပဲ လိုတယ်”

-ရဲဘော်မင်းဌေး (အမှတ် ၃ စစ်ကြောင်းမှူး - ABSDF)

(၂၀- ၄- ၂၀၂၅)

“နေပြည်တော် ဗိုလ်ချုပ်တွေက စစ်ဆက်တိုက်ဖို့ အမိန့်ပေးနေပေမယ့် ရှေ့တန်းမှာရှိတဲ့ စစ်သားတွေက စခန်းစွန့်ခွာ ထွက်ပြေးနေတယ်။ စစ်ကောင်စီမှာ လက်နက်ရှိပေမယ့် အတွေအကြုံရှိတဲ့ စစ်သားတွေမရှိတော့ဘူး။ ဒီအချိန်မှာ တာ်လှန်ရးဖက်က ထိုးစစ်တွေဆက်တိုက်လုပ်သွားရင် မကြာခင် စစ်ကောင်စီ ပြုတ်ကျမှာသေချာတယ်” လို့ ယောဒေသအခြေစိုက် ABSDF ကျောင်းသားတပ်မတော်၊ အမှတ် ၃ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ချင်း-စစ်ကိုင်း-မကွေး အစပ်ဒေသရှိ ဗျုဟာအရအရေးပါတဲ့ စစ်ကောင်စီစခန်း ၄ ခု သိမ်းပိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမန်းချက်ထဲမှာ...

- ချင်း-စစ်ကိုင်း-မကွေး အစပ်ဒေသက တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- အင်းတော်မြို့သိမ်းတိုက်ပွဲ ဘယ်လို ထူးခြားသလဲ...

- စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းအခြေအနေ ဘယ်လိုဖြစ်နေသလဲ...

- ဒီနေ့အခြေအနေဟာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ အကောင်းဆုံးအနေအထားဖြစ်တယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

- တော်လှန်ရေးဖက်က ထိုးစစ်တွေ ဆက်တိုက်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More