Sunday, April 27, 2025

ထားဝယ်မြို့အနီးက စစ်တပ်စခန်း KNLA သိမ်းပိုက် ... ဗန်းမော်မြို့က ကာကင်းခစ...


ထားဝယ်မြို့အနီးက စစ်တပ်စခန်း KNLA သိမ်းပိုက် ... ဗန်းမော်မြို့က ကာကင်းခစန်း KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၈ ဧပြီ ၂၀၂၅

တနင်္သာရီတိုင်း မြို့တော် ထားဝယ်နဲ့ ၆ မိုင်ကျော် အကွာရှိ ဟားလီကွေ့ စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက် ၂၀ နီးပါးနဲ့ သုံ့ပန်း ၁၅ ဦး ဖမ်းမိတယ်လို့ တနင်္သာရီတိုင်းမ်က ဖော်ပြပါတယ်။

ရေး-ထားဝယ် ကားလမ်းပေါ်ရှိ မောင်မယ်ရှောင်ရွာ အနီးက ဒီစခန်းကို ဧပြီ ၂၆ မနက်မှာ စတင် တိုက်ခိုက်ပြီး နေ့လယ်မှာ စစ်လေယာဉ်တွေက ဗုံးကြဲတယ်၊ ညနေပိုင်းမှာ စခန်းကို သိမ်းပိုက်ပြီး  မီးရှိ့ခဲ့တယ်လို့ KNLA တပ်မဟာ ၄ တာဝန်ရှိသူ တဦးက ပြောပါတယ်။

နယ်မြေရှင်းလင်းတဲ့အခါ စစ်သား ၁၀ ဦးခန့်သေဆုံး၊ ၁၅ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံ ၁၈ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံ မှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ရေဖြူမြို့နယ်၊  မင်းသားရွာ အခြေစိုက် စစ်တပ်နဲ့ ပြည်သူ့စစ်ပူးတွဲ စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား  ၆ ဦးသေ၊ ၇ ဦးဒဏ်ရာရ...

- မင်းလှမြို့နယ်၊ ပဲခူးရိုးမဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သေား ၆ ဦး သေဆုံး...

- သရက်ခရိုင်၊ ရေနံ့သာ ကျေးရွာ ရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေက  တိုက်ခိုက်ရာမှာ ရဲ ၂၀ ခန့် ထွက်ပြေးသွားပြီး ရဲတပ်ကြပ်တဦးနဲ့ သေနတ် တလက် သိမ်းမိ...

- ဗန်းမော်မြို့ရှိ စကခ ၂၁ ကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်က ဆက်လက်ထိုးစစ်ဆင်နေပြီး ကာကင်းစခန်း ၅ ခုသိမ်းမိ၊ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ အပြင်းအထန် ခုခံနေ...

- ကရင်နီပြည်နယ်မှာ တာဝန်ကျနေတဲ့ စစ်သားသစ် ၆ ဦးဟာ လက်နက်တွေအတူ ဒီးမော့ဆို Local PDF ထံ ခိုလှုံလာ...

- ဝက်လက်မြို့နယ်က စစ်သားသစ် ၅ ဦး လက်နက် ၅ လက်နဲ့ အတူ ပြည်သူ့အစေခံ တော်လှန်ရေးအဖွဲ့ (People’s Servant Revolution-Wetlet) ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More