ဖလမ်းနဲ့ အင်းတော်ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၈ ဧပြီ ၂၀၂၅
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နောက်ဆုံး လက်ကျန် ခလရ ၂၆၈ ကို ဧပြီ ၇ ရက် မနက်ပိုင်းမှာ ချင်းညီနောင်အဖွဲ့ Chin Brotherhood (CB) က သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။
''အသေးစိတ်ကို မပြောနိုင်သေးဘဲ မကြာခင် တရားဝင် သတင်းထုတ်ပြန်မယ်'' လို့ ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူတဦးက BNN ကို ပြောပါတယ်။
ဖလမ်း နဲ့ မင်းတပ် မြို့သိမ်းစစ်ဆင်ရေးတို့ကို ၂၀၂၄ နိုဝင်ဘာမှာ ချင်းညီနောင်အဖွဲ့က တပြိုင်တည်း စတင်ခဲ့တာပါ။ မင်းတပ်ကို ဒီဇင်ဘာနှောင်းပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး ဖလမ်းကို အခုမှ သိမ်းနိုင်တာဖြစ်ပါတယ်။
ဒီလို ကြန့်ကြာနေရတာဟာ စစ်ကောင်စီ တပ်တွေအားလုံး ခလရ ၂၆၈ မှာ စုရုံး ခုခံနေတဲ့အပြင် လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေတာကြောင့်လို့ သိရပါတယ်။
ဒါ့အပြင်...
- တောင်ခမ်းဒေသရှိ အမှတ် ၉၀၂ အမြောက်တပ် ကွပ်ကဲမှု ဌာနချုပ်စခန်း ဝန်းကျင်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ် ကောင်စီကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ...
- သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာဘက်မှာလည်း ဧပြီ ၇ ရက် မနက် ၅ နာရီကစ တိုက်ပွဲဖြစ်နေပြီး TNLA နဲ့ အတူ PDF - မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF တို့ ပူးပေါင်းပါဝင်တိုက်ပွဲဝင်နေ...
- လားရှိုးမြို့သိမ်းစစ်ဆင်ရေးအတွင်း ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေကို တစ်အိမ် ကျပ်သိန်း ၅၀၊ ကိုးကန့်တပ် (MNDAA) က လျော်ကြေးပေး...
- ပခုက္ကူမြို့အနောက်ခြမ်းမှာ ဂိတ်ကြေးကောက်နေတဲ့ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ဖို့ သွားရာမှာ စစ်သားတွေ ထွက်ပြေးသွားတဲ့အတွက် MA1 သေနတ် တလက် သိမ်းမိ...
- တောင်ငူမြို့နယ်၊ ပဒဲ ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၈ ဦး သေပြီး ၅ ဦး ဒဏ်ရာရ...
- ထားဝယ် အထူးစီးပွားရေးဇုန်အတွင်းရှိ ဧကနိ ကျေးရွာအနီး စစ်ကောင်စီ စစ်ကြောင်းတခု ဧပြီ ၇ ရက် မနက်ပိုင်းမှာ ထပ်ရောက်လာ...
- စစ်ကိုင်းနဲ့ ကချင်ပြည်နယ် ဆက်စပ်ဒေသရှိ အင်းတော်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်က ဧပြီ ၇ ရက်၊ ည ၈ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment