ကော့ကရိတ်က စခန်း ၅ ခု KNLA သိမ်းပိုက်... နတ်ရေကန်စခန်းဖက်မှာ တိုက်ပွဲပြန်ဖြစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၄ ဧပြီ ၂၀၂၅
ရခိုင်-မကွေး ဆက်စပ်ဒေသ အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်အနီး စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် အာရက္ခတပ်တော်(AA)က ပြန်ခုခံရကနေ တိုက်ပွဲပြင်းထန်နေတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။
ငလျင်ဘေး ကယ်ဆယ်ကူညီရေးအတွက် အပစ်ရပ်မှုကို နောက်ထပ် ၇ ရက်ထပ်တိုးတယ်လို့ စစ်ကောင်စီက ကြေညာပြီးနောက်တရက် ဧပြီ ၂၃ ရက်၊ မနက်ပိုင်းမှာ စစ်တပ်က ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကနေ တက်လာတဲ့ ပါရာမော်တာ - စက်တပ်လေထီး ၃ စီးထဲက တစီးဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်နယ်မြေအနီး ပျက်ကျ...
- စစ်ကိုင်းမြို့ကနေ မင်းကွန်းဒေသဖက်ပြန်လာတဲ့ ဒေသတွင်းက နာမည်ကြီး ပျုစောထီးအဖွဲ့ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ ပျု ခေါင်းဆောင်အပါဝင် ၇ ဦးသေဆုံးပြီး လက်နက် ခဲယမ်းအချို့ သိမ်းမိ...
- မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းရှိ ကျေးရွာတွေက လူငယ်တွေကို ပေါ်တာဖမ်းဖို့ရောက်လာတဲ့ စစ်တပ်နဲ့ ပျုစောထီး ပူးပေါင်းအဖွဲ့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၈ ဦးသေပြီး ၄ ဦးဒဏ်ရာရ...
- ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ပြင်းနေပြီး ရင်ကွဲတောင်စခန်းအပါအဝင် စစ်ကောင်စီစခန်း ၅ ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်...
- ထိုင်း-မြန်မာနယ်စပ် ထီးခီးစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီလေယာဉ်တွေ ထိုင်းနယ်မြေ ကန်ချနပူရီခရိုင်ထဲ ကျုးကျော် ဖြတ်ပျံပြီးတဲ့နောက် ဒေသတွင်းရှိ ထိုင်း- တပ်မ ၉ က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်...
- ဒီးမော့ဆိုမြို့နယ်က စစ်သားသစ် ၂ ဦးဟာ MA-1 ၊ MA-2 တလက်စီနဲ့အတူ KNDF - ထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment