Friday, April 11, 2025

အင်းတော်ကြီးဒေသမှာ SNA နဲ့ KIA တိုက်ပွဲဖြစ်... စစ်ကောင်စီက တရုတ် ဒရုန်းပ...


အင်းတော်ကြီးဒေသမှာ SNA  နဲ့ KIA တိုက်ပွဲဖြစ်... စစ်ကောင်စီက တရုတ် ဒရုန်းပညာရှင်တွေအသုံးပြုနေဟု KNU ပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၂ ဧပြီ ၂၀၂၅

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အနီး ရှမ်းနီပြည်သူ့စစ် SNA တပ်နဲ့ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ကြား တိုက်ပွဲဖြစ်ပြီး ပြည်သူ့စစ် ၅ ဦးသေ၊ လက်နက်အချို့သိမ်းမိတယ်လို့ The 74 Media က ဖော်ပြပါတယ်။

ဧပြီ ၁၁ ရက် မနက် ၈ နာရီခန့်မှာ SNA တပ်က နန့်မွန်းမြို့အနီးရှိ ဆနွင်းကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် KIA ဘက်က ပြန်တိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း လမ်းကို တော်လှန်ရေးတပ်တွေက စစ်ဆေးရေးလုပ်နေစဉ် ယာဉ်တစီး မရပ်ဘဲ  နောက်ပြန်ဆုတ် ထွက်ပြေးတဲ့အတွက် ပစ်ခတ်ရာမှာ စစ်ဗိုလ်တဦး သေဆုံး၊ လက်နက်တလက် ရရှိ...

- ပခုက္ကူမြို့ စက်မှုန်ဇုံ ရထားဘူတာနဲ့ အိမ်ဖြူတော် KTV အနီး ရောက်လာတဲ့ စစ်ဖက် အရာရှိတဦးရဲ့ကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ဗိုလ်နဲ့ KTV ပိုင်ရှင် သေဆုံး...

- ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောတောင် လမ်းမကြီးကို ထိန်းချုပ်နိုင်ရေး … နယ်မြေရှင်း တိုက်ပွဲမှာ စစ်ကောင်စီက တရုတ်နိုင်ငံသား ဒရုန်းနည်းပညာရှင် ၅ ဦးရဲ့ အကူအညီနဲ့ တိုက်ခိုက်နေတယ်လို့ KNU ဘိတ်-ထားဝယ် ခရိုင် တာဝန်ရှိသူတဦးက ပြော...

- ကျောက်တံခါး မြို့နယ် ပဲနွယ်ကုန်း- နတ်သံကွင်း  လမ်းပေါ်ရှိ စစ်ကောင်စီ စခန်းက စစ်သားသစ် တဦး MA 1 သေနတ် တစ်လက်နဲ့အတူ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းထံ ခိုလှုံ...

- ဆားလင်းကြီး မြို့နယ် မြို့မ ရဲစခန်းက ဒု-တပ်ကြပ် တဦး G3 တလက်ယူလာပြီး မိသားစုနဲ့ အတူ ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းထံ ခိုလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More