Tuesday, April 29, 2025

ကလေးမြို့နယ် တိုက်ပွဲ စစ်ကောင်စီ အထိနာ... တောင်ခမ်းဖက်မှာ TNLA နဲ့ တိုက်...


ကလေးမြို့နယ် တိုက်ပွဲ စစ်ကောင်စီ အထိနာ... တောင်ခမ်းဖက်မှာ TNLA နဲ့ တိုက်ပွဲပြန်ဖြစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃၀ ဧပြီ ၂၀၂၅

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတဲ့ ကြံသာရွာစခန်းကို ပြန်ရရေးအတွက် စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြန်ဖြစ်ပြီး စစ်သား ၂၀ ခန့် သေဆုံး၊ လက်နက် ၈ လက် သိမ်းမိတယ်လို့ Chinland Information Center က ဖော်ပြပါတယ်။

CDF KKG ရဲ့ Major operation အတွင်း ကလေးမြို့တောင်ပိုင်းက အရေးပါတဲ့ စခန်း ၅ ခုကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ပြီးနောက် အခု ဧပြီ ၂၇ မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ခုခွဲပြီး ကြံသာ စခန်းဘက် ထိုးဝင်လာတာလို့ ဆိုပါတယ်။

နယ်မြေရှင်းတဲ့အခါ စစ်သား အလောင်း ၇ လောင်း ကျန်၊ ၆၀ မမ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံ ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်အနီး တိုက်ပွဲ ပြင်းထန်နေစဉ် စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၁၁ လုံးနဲ့ လက်နက်ကြီး ၂၆ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်...

- ရေစကြိုမြို့နယ်၊  ကြူရွာနဲ့ ဗလဘ ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၂၀ ခန့် သေဆုံး...

- တောင်သာမြို့နယ် တောင်ခမောက် ကျေးရွာဘက် ထိုးဝင်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က သေဆုံးမှုများပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ခမရ ၅၄၅ နဲ့ ခမရ ၅၄၆ ဝန်းကျင်မှာ ဧပြီ ၂၉ ညနေပိုင်းက လက်နက်ကြီး ပေါက်ကွဲသံတွေကြားရပြီး  နွားခြံကုန်း ကျေးရွာထဲ နေအိမ်အချို့ မီးလောင်...

- လောင်းလုံး မြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၃ ဦး သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More