“ဆန်ဝေ ဆီဝေ ကိစ္စတွေထက် ကယ်ဆယ်ရေးနဲ့ ပြိုကျအဆောက်ဦတွေ ရှင်းလင်းရေးကို ဦးစားပေးသင့်တယ်”
- ဦးဝင်းမျိုးသူ (သဘာ၀ ဝတ်ဝန်းကျင်ရေးရာ ပညာရှင်)
(၈- ၄- ၂၀၂၅)
“စစ်ကောင်စီ တာဝန်ရှိသူတွေအနေနဲ့ ဆန်ဝေ ဆီဝေ ကိစ္စတွေထက် ကယ်ဆယ်ရေးနဲ့ ပြိုကျအဆောက်ဦတွေ စနစ်တကျ ရှင်းလင်းရေးကို ဦးစားပေးသင့်တယ်” လို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။
မတ်လ ၂၈ က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင် အဓိကခံခဲ့ရတဲ့ မန္တလေးမြို့ ကယ်ဆယ်ရေးအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- ငလျင်ကြောင့်ပြိုတဲ့ ကိုယ်အိမ်တွေကို စစ်ကောင်စီက လျော်ကြေးမပေးတဲ့အပြင် ကိုယ်အိမ်ကိုယ်တာဝန်ယူရှင်းရမယ်လို့ပြောနေတာတွေဟာ နည်းမှန်လမ်းမှန် ဟုတ်ရဲ့လား...
- အိမ်တွေ၊ အဆောက်ဦတွေပြိုကျမှုအတွက် ဆောက်လုပ်ခွင့်ပေးသူနဲ့ အရည်ချင်းစစ်သူတွေကို အရေးယူဖေါ်ထုတ်နိုင်တဲ့စနစ် မြန်မာနိုင်ငံမှာ ရှိသလား...
- အိမ်ထဲမအိပ်ရဲလို့ လမ်းဘေးမှာ အိပ်နေရသူတွေကို စစ်ကောင်စီက ဘယ်လို အကူအညီတွေဆောင်ရွက်ပေးနေသလဲ...
- နောက်တကြိမ် ငလျင်ဒဏ်ခံရရင် ဒီလို အခြေအနေမဆိုးအောင် ဘာတွေသင်္ခန်းစာယူပြီး ဘာတွေ ဆောင်ရန်-ရှောင်ရန် လုပ်ဆောင်သင့်သလဲ..
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment