ချင်းနဲ့ စစ်ကိုင်းကို စစ်တပ်က ဗုံးဆက်ကြဲ ... စစ်အာဏာရှင်ပြုတ်တဲ့အထိ ချီတက်မယ်လို့ ညီနောင် ၃ ဖွဲ့ကတိပြု... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၁- ၄- ၂၀၂၅)
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်တဲ့ အညာဒေသက Myingyan Black Tiger (MBT)အဖွဲ့က သူတို့ ရဲဘော်တွေ ဖလမ်းမြို့တွင်း အောင်ပွဲခံနေတဲ့ ဗီဒီယို ပုံတွေ ထုတ်ပြန်ပါတယ်။
ချင်းညီနောင် ဦးဆောင်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ အညာဒေသက PDF အဖွဲ့ ၁၀ ဖွဲ့ခန့်ပါဝင်တာတွေ့ရပြီး AA အာရက္ခတပ်တော်က စစ်လက်နက်နဲ့ စစ်ရေးအကြံပေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်...
- ဖလမ်းမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနဲ့မဆိုင်တဲ့ မင်းတပ်မြို့နယ် ဖွီကျေးရွာနဲ့ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို လေယာဉ်နဲ့ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါဝင် ဒေသခံ ၁၂ ဦးသေဆုံး...
- နတ်မောက်မြို့ တောင်ဘက်အထွက်မှာရှိတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်ကို Aung San's Land Natmauk အဖွဲ့က ဝင်တိုက်ရာမှာ စစ်သား ၅ ဦးသေဆုံး...
- ကော့သောင်းမြို့နယ်၊ အေးချမ်းသာကျေးရွာရှိ လုပ်ငန်းရှင်တွေဆီကနေ ငွေကြေးကောက်ခံပြီးပြန်လာတဲ့ ရဲကားတစီးကို ကော့သောင်းမြိုန့ယ် ပကဖ က တိုက်ခိုက်ရာမှာ စခန်းမှူးအပါဝင် အရာရှိ ၃ ဦးသေဆုံး၊ လက်နက် ၆ လက်ရရှိ...
- မောတောင်ကုန်သွယ်ရေးမြို့နဲ့ တနသာင်္ရီမြို့ကြား ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ KNLA- ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေ၊ လက်နက်တလက်သိမ်းမိ...
- ၁၀၂၇ စစ်ဆင်ရေးဟာ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံး အစပြု စစ်ဆင်ရေးဖြစ်ပြီး အဲဒီကတဆင့် တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ လက်တွဲချီတက်ရန် ကတိပြုပါတယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ကတိပြု...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment