Friday, April 4, 2025

“မြန်မာစစ်တပ်က လူသတ်တာပဲလုပ်ချင်တယ်၊ လူကယ်တာ မလုပ်ချင်ဘူး”


“မြန်မာစစ်တပ်က လူသတ်တာပဲလုပ်ချင်တယ်၊ လူကယ်တာ မလုပ်ချင်ဘူး”

- ဒေါက်တာမီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၄- ၄- ၂၀၂၅)

“ဒီငလျင်ဘေးက စစ်တပ်အတွက် ပြည်သူကို ပြန်ကယ်ခွင့်ရတဲ့ အခွင့်အရေးကောင်းတခုပဲ။ ဒါပေမယ့် သူတို့က ဒါကို အသုံးမချတတ်ဘူး၊ ဒီစစ်တပ်က လူသတ်တာပဲလုပ်ချင်တယ်၊ လူကယ်တာ မလုပ်ချင်ဘူး” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ဘေးဒဏ်အပေါ် စစ်ကောင်စီရဲ့ ကိုယ်တွယ်ပုံအားနည်းနေတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ငလျင်လှုပ်ပြီး ၇၂ နာရီအတွင်း စစ်ကောင်စီက ကယ်ဆယ်ရေးမလုပ်နိုင်တာ ဘာကြောင့်လဲ...

- ဒေါ်အောင်ဆန်းစုကြည်ခေတ်က ထားခဲ့တဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်နဲ့ ကယ်ဆယ်ရေးရန်ပုံငွေတွေ ဘယ်ရောက်သွားသလဲ...

- မြန်မာစစ်တပ်မှာ လူသတ်ဖို့လေ့ကျင့်ရေးပဲရှိပြီး လူကယ်ဖို့လေ့ကျင့်ရေး မရှိတာ ဘာကြောင့်လဲ...

- နိုင်ငံတကာကယ်ဆယ်ရေးအပေါ် စစ်တပ်ရဲ့သဘောထားက ၂၀၀၈ နာဂစ်တုန်းကအဆင့်မှာပဲ ဆက်ရှိနေဆဲလား...

- အပစ်ရပ်တယ်ပြောပြီး ဗုံးဆက်ကြဲနေတဲ့ စစ်တပ်ကို နိုင်ငံတကာအလှူရှင်တွေက ဘယ်လို ယုံကြည်စိတ်ချနိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သဘာဝဘေးဒဏ်ကနေ အပစ်ရပ် ဆွေးနွေးပွဲဖြစ်သွားဖူးတဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံအခြေအနေ ဘာတွေကွာသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

BNN- သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More