အပစ်ရပ်တယ်ပြောပြီး စစ်ကောင်စီက ဗုံးဆက်ကြဲနေ... UWSA က စစ်ရေးလေ့ကျင့်ပုံတွေ ထုတ်ပြန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၄ ဧပြီ ၂၀၂၅
ငလျင် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် ဧပြီ ၂ ကနေ ၂၂ အထိ ရက် ၂၀ အပစ်အခတ် ရပ်စဲကြောင်း စစ်ကောင်စီက ကြေညာချက် ထုတ်ပြီး နာရီပိုင်းအတွင်းမှာပဲ KIO ကလည်း အလားတူ ရက် ၂၀ အပစ်ရပ်တယ်လို့ ဧပြီ ၂ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဒါပေမယ့် ဧပြီ ၃ ရက် မနက်ပိုင်း ရောက်တာနဲ့ ဗန်းမော်၊ အင်းတော်နဲ့ ဝိုင်းမော် မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပါတယ်လို့ KIO ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွမ်မော်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အသိပေး ကြေညာပါတယ်။
KIO/ KIA ပြောခွင့်ရ ဗိုလ်မှုးကြီးနော်ဘူကတော့ “အပစ်အခတ် ရပ်စဲရေးက KIO/KIA ကနေ အရင် ထုတ်ပြန် ပြောဆိုတာ မဟုတ်ဘူး။ စစ်တပ်ဘက်က ထုတ်ပြန်လို့ တုံ့ပြန်တဲ့ သဘောနဲ့ သူတို့ သတ်မှတ်ထားတဲ့ ရက်အတိုင်း ယာယီ ပစ်ခတ်မှုရပ်တာဖြစ်တယ် … အခု စစ်တပ်က လာတိုက် တယ် ဆိုတော့ ကျနော်တို့က ပြန်တိုက်ရမှာပဲ” လို့ Kachin News Group KNG ကို ပြောလိုက်ပါတယ်။
ဒါ့အပြင်...
- ဧပြီ ၃ ရက်မှာ သပိတ်ကျင်းမြို့နယ် ၇ မိုင်ရွာကို ဂျက်ဖိုက်တာက ဗုံး ၈ လုံး ကြဲပြီး နေ့လယ် ၁၂ နာရီခန့်မှာ စစ်ကား ၇ စီးပါ ယာဉ်တန်း လူအင်အား အပြည့်တင်ပြီး အင်တောကနေ ကျောက်ဂူ၊ တောင်ခမ်းဖက်ရှိ အမတ ၉၀၂ ဆီ အင်အားလာဖြည့်နေတယ်လို့ TNLA ထုတ်ပြော...
- ဧပြီ ၃ မှာ ကျောက်ဖြူမြို့နယ်ကို စစ်လေယာဉ်က ဗုံးကြဲပြီး စစ်တွေမြို့နယ်ကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်...
- တောင်သာမြို့နယ် သဲတောကျေးရွာကို ဧပြီ ၃ ရက်မှာ Paramotor စက်တပ်လေထီး ၃ စီးနဲ့ ဗုံးသီး ၈ လုံးကြဲချတဲ့အတွက် အလယ်တန်းကျောင်းနဲ့ နေအိမ်အချို့ ပျက်စီး...
- ဟုမ္မလင်းမြို့နယ်က ဖာနိုင်း၊ စန်းဆိုင်၊ ပဲနို့ဆွတ်ရွာနဲ့ ရွှေမှော်အနီးကို Mi- 2 စစ်ကောင်စီတပ် ရဟတ်ယာဉ်က ဗုံးသီး ၁၃ လုံး ကြဲ...
- ညောင်ဦးမြို့နယ် ငါ့သရောက် ရဲစခန်းကနေ ထွက်လာတဲ့ တင့်ကား ၂ စီးပါ စစ်ကောင်စီ စစ်ကြောင်းဟာ မြေသန့်တောင်၊ မအူပင်၊ ကြအို စတဲ့ ကျေးရွာတွေကို စက်သေနတ်ကြီးတွေနဲ့ပစ်ခတ်...
- ထားဝယ် အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဒေသ အနီးရှိ ရေဖြူမြို့နယ်၊ မူးဒူးရွာကို ဧပြီ ၃ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရ...
- UWSA -ဝ- ပြည် တောင်ပိုင်း ၁၇၁ စစ်ဒေသရှိ တပ်မဟာ ၇၇၅ က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment