“သဘာဝဘေးဒဏ်က ရှောင်လွှဲလို့ မရဘူး၊ စစ်တပ်ဘေးဒဏ်က ရှောင်လွှဲလို့ရနိုင်တယ်”
- ဒေါက်တာမီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)
(၅- ၄- ၂၀၂၅)
“သဘာဝဘေးဒဏ်ကို ရှောင်လွှဲလို့ မရနိုင်ပေမယ့် စစ်တပ်ရဲ့ဘေးဒဏ်ကိုတော့ ရှောင်လွှဲလို့ရနိုင်တယ်၊ စစ်တပ်အုပ်ချုပ်နေသမျှ လူတွေမသေသင့်ပဲ ဆက်သေမယ်၊ ဆက်ဒုက္ခရောက်မယ်၊ ဒါကြောင့် ဒီစစ်တပ် အုပ်ချုပ်ရေးနေရာက ဆင်းသွားအောင် လူထုတရပ်လုံးက တော်လှန်ရေးတပ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။
ငလျင်ဘေး နောက်ဆက်တွဲအဖြစ် စစ်တပ်က အပစ်ရပ်ကြောင်းကြေညာပြီးမှ ဗုံးဆက်ကြဲနေတာ၊ ထိုးစစ်လုပ်နေတာ၊ နိုင်ငံတကာကယ်ဆယ်ရေးပစ္စည်းတွေကို လူထုဆီမရောက်အောင် တားဆီးနေတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- ဒီလောက်ဆိုးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံက ဘာကြောင့် အစည်းဝေးတက်ဖို့ ဖိတ်ကြားရတာလဲ...
- စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်နောက်ကွယ်မှာ ဘာတွေရှိသလဲ... တော်လှန်ရေးတပ်တွေ ဘယ်လို သတိထားသင့်သလဲ...
- အာဏသိမ်းကတည်းက လူထုကို နှိပ်စက်နေတဲ့ စစ်ကောင်စီဟာ အခု ငလျင်မှာလည်း ထပ်နှိပ်စက်တဲ့အတွက် လူထုအများစု တော်လှန်ရေးဖက် ပါလာနိုင်သလား...
- ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီရေးအတွက် ပြည်ပရောက် မြန်မာတွေ ဘာတွေဆောင်ရွက်နေသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
BNN- သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment