ဗန်းမော် စကခ ၂၁ ကို KIA က ထိုးစစ်ဆင်... စစ်တောင်မြစ်ဘေးက စခန်းတခု KNLA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၅-၄-၂၀၂၅)
ငလျင်ကူညီရေးအတွက် ရက် ၂၀ အပစ်ရပ်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့
ကြေညာချက်ဟာ အတုအယောင်သာဖြစ်ပြီး ၄၀၉ ကြိမ်အထိ ရခိုင်ဒေသဆီ
ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA- အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၂ ရက်ကနေ ၂၂ ရက်အတွင်း ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေနဲ့ ပါက်တောမြို့နယ်တွေကို ဗုံးကြဲခဲ့တာလို့ဆိုပါတယ်။ တိုက်လေယာဉ်၊ ဒရုန်း၊ စက်တပ်လေထီး၊ ရေတပ်သဘောၤ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာကိုတွေကို
မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။
ဒါ့အပြင်...
- နောင်ချိုမြို့အနီးရှိ ကျောက်ကြမ်း၊ အုမ္မခါးနဲ့ အုမ္မတီးရွာတွေကို Y-12
လေယာဉ်က ဗုံး ၃၀ နီးပါးကြဲချ...
- ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်က စစ်အင်အားတထောင်ခန့်အထိသုံးပြီး မြေပြင် စစ်ကြောင်းထိုးလာ နေတယ်လို့ KIA- ပြော...
(ဒီမနက်ပိုင်းသတင်းတွေအရ စကခ ၂၁ ကို KIA က ထိုးစစ်ပြန်ဆင်နေ...)
- ရွှေကျင်မြို့နယ်၊ စစ်တောင်းမြစ်ဘေးမှာရှိတဲ့ ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်းကို KNLA တပ်မဟာ(၃) ဦးဆောင်တဲ့ ပူးပေါင်းတပ်က သိမ်းပိုက်...
- ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ တောင်သုံးလုံးနဲ့ ကျောက်မဲတောင်ရွာတွေကို ဧပြီ ၂၃ မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ရွာသားတဦးသေဆုံး...
- ဧပြီလ ပထမ သီတင်း ၂ ပတ်အတွင်း စစ်ကောင်စီဖက်ကနေ အလင်းဝင်သူနဲ့လက်နက်ချသူ ၁၇၃ ဦးအထိ ရှိ...
- အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄) က သင်တန်းဆင်းပွဲနဲ့လက်နက်တပ်ဆင်ပွဲ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
0 comments:
Post a Comment