Tuesday, April 22, 2025

“စစ်ရေးအရ ပြန်တိုက်ယူလို့ ရတာမဟုတ်ပဲ တရုတ်က ပေးလို့ရတာဆိုတော့...”


“စစ်ရေးအရ ပြန်တိုက်ယူလို့ ရတာမဟုတ်ပဲ တရုတ်က ပေးလို့ရတာဆိုတော့...”

- လင်းထက်အောင် ( CDM - ဗိုလ်ကြီး)

(၂၂- ၄- ၂၀၂၅)

“လားရှိုးကို ပြန်ရတယ်ဆိုပေမယ့် စစ်ရေးအရ ပြန်တိုက်ယူလို့ ရတာမဟုတ်ပဲ တရုတ်က ပေးလို့ရတာဆိုတော့ ရှေ့တန်းက စစ်သားတွေကို စိတ်ဓာတ်တက်ကြွလာအောင် လုပ်နိုင်မယ်လို့ မထင်ဘူး” လို့  CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

MNDAA နဲ့တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက သေနတ်ဖောက် ပြန်တိုက်စရာမလိုပဲ တရုတ်ရဲ့စီစဉ်ပေးမှုနဲ့ ဧပြီ ၂၂ မှာ တပ်အင်အားအလုံးအရင်းနဲ့ ပြန်ဝင်ခွင့်ရတဲ့အပေါ် ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်ကောင်စီတပ်တွေ လားရှိုးမြို့ထဲဝင်လာပြီး ရမခ နေရာမှာ ပြန်ထိုင်မှာလား...

- စစ်တိုက်စရာမလိုပဲ တရုတ်အကူအညီနဲ့ ဒီလိုလွယ်လွယ်ပြန်ရခြင်းက ရှေ့တန်းမှာ စစ်ရှုံးလို့ထွက်ပြေးနေတဲ့ စစ်သားတွေကို ခွန်အားဖြစ်စေနိုင်သလား...

- လားရှိုးကို တရုတ်က ဘာကြောင့် စစ်ကောင်စီကို ပြန်ပေးချင်တာလဲ... နယ်စပ်ကုန်သွယ်ရေးအတွက်လား...

- လားရှိုးမှာ ဒီလိုဖြစ်သွားပေမယ့် တနိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုက အရှိန်ပြန်တက်လာနိုင်သလား...

- လားရှိုးဖြစ်စဉ်ကနေ ဘယ်လို သင်ခန်းစာတွေ ရယူနိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More