ပဒါန်းဒေသတိုက်ပွဲ စစ်ကောင်စီ အထိနာ... ထီးခီးမှာ တိုက်ပွဲပြင်းထန်နေ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...
၂၂ ဧပြီ ၂၀၂၅
ရခိုင်-မကွေး ဆက်စပ်ဒေသ ငဖဲနဲ့ ပဒါန်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၆၀ ကျော် သေဆုံး၊ ၁၈ ဦး လက်ရဖမ်းမိ၊ လက်နက်ခဲယမ်းများစွာ သိမ်းမိတယ်လို့ လူထုတော်လှန်ရေး မဟာမိတ် အင်အားစု (PRA-မကွေး)က သတင်းထုတ်ပြန်ပါတယ်။
ဒီဒေသမှာ ဇန်နဝါရီကနေ ဧပြီအထိ တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတွေကတော့ ငဖဲမြို့နယ် နတ်ရေကန် ဗျူဟာကုန်း အနီး စခန်းတွေ၊ ငဖဲ မြို့နယ်ထဲက ကျေးရွာတွေ၊ ပုသိမ်-မုံရွာ ကားလမ်းကနေ ပဒါန်းမြို့အဝင် လမ်းတွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။
သေဆုံး ၆၃ ဦးထဲမှာ ဗိုလ်မှူးသီဟအောင် ပါဝင်ပြီး ဖမ်းမိ ၁၈ ဦးထဲမှာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် ပါဝင်ပါတယ်။
ဒါ့အပြင်...
- ထိုင်း-မြန်မာနယ်စပ်အနီးက ထီးထာ ဗျူဟာကို ဧပြီ ၁၉ မှာ တော်လှန်ရေးတပ်တွေက သိမ်းပြီးတဲ့နောက် အခု နောက်ဆုံး ကျန်နေတဲ့ နယ်စပ်မျဉ်းပေါ်က ထီးခီးစခန်းမှာ တိုက်ပွဲ ပြင်းထန်နေ...
- ကော့ကရိတ်မြို့နယ်၊ နဘူး-ကော့ကရိတ် လမ်းခွဲအနီး တည်ရှိတဲ့ စကခ ၁၂ (အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်) ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ...
- ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၃ ဦးသေပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ...
- နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာဘက်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အဆိပ်ဓာတ်ငွေ့ဗုံး သုံးပြီး တိုက်ခိုက်နေတယ်လို့ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်) က ပြောဆို...
- လားရှိုးမြို့ရဲ့ အထင်ကရနေရာတွေမှာ စိုက်ထူထားတဲ့ MNDAA ကိုးကန့် တပ် အလံတွေကို ဧပြီ ၂၁ မနက်ပိုင်းမှာ ဖြုတ် သိမ်းသွား...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment