Wednesday, April 30, 2025

“ခြေတလှမ်းနောက်ကျသွားအောင် ခြေတောက်ကို ဆွဲထားခံလိုက်ရတာပေါ့”


“ခြေတလှမ်းနောက်ကျသွားအောင် ခြေတောက်ကို ဆွဲထားခံလိုက်ရတာပေါ့”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃၀- ၄- ၂၀၂၅)

“လားရှိုးဖြစ်စဉ်ဟာ နွေဦးတော်လှန်ရေးအတွက်တော့ ခြေတလှမ်းနောက်ကျသွားအောင် ခြေတောက်ကို ဆွဲထားခံလိုက်ရတာဖြစ်တယ်” လို့ စစ်ရေး- နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

PDF လူငယ်တွေရဲ့ အသက်ပေါင်းများစွာကိုရင်းပြီး တိုက်ယူခဲ့ရတဲ့ လားရှိုးမြို့ကို လွယ်လွယ်လေးနဲ့ စစ်ကောင်စီလက်ထဲ ပြန်အပ်လိုက်ရတဲ့ ဖြစ်စဉ်က နွေဦးတော်လှန်ရေးကို ဘယ်လိုထိခိုက်နိုင်သလဲ... လို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- လားရှိုးကို အခု ဘယ်သူအုပ်ချုပ်နေတာလဲ... တရုပ်အစိုးရလား- စကစ လား...

- တရုတ်ဖန်တီးတဲ့ လားရှိုးစတိုင်လ် အသွင်ကူးပြောင်းမှုတွေ အခြားနေရာတွေမှာ ထပ်ဖြစ်ပေါ်လာနိုင်သေးလား...

- TNLA, AA, KIA တို့ကကော တရုတ်ဖိအားကို ဘယ်လောက်အထိ တောင့်ခံနိုင်မှာလဲ...

- တရုတ်နဲ့ စစ်ကောင်စီပေါင်းပြီး ဖိနှိပ်သမျှ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေက ခေါင်းငုံ့ခံနေရတော့မှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ရှမ်းမြောက်မှအပ ကျန်နေရာတွေမှာ စစ်ရှိမြင့်လာနိုင်သလား- ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More