ရက် ၂၀ စာ အပစ်ရပ်တယ်လို့ စစ်ကောင်စီ ကြေညာ... ကရင်နီတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၃ မတ် ၂၀၂၅
အင်အားပြင်း ငလျင်ဒဏ် ခံစားနေရတဲ့ ပြည်သူလူထုကို စာနာထောက်ထားခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းတွေနဲ့အတူ ဧပြီ ၂ ကနေ ၂၂ အထိ ရက် ၂၀ ယာယီ အပစ်အခတ် ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ငလျင်ဒဏ် ခံနေရစဉ်မှာ ဗုံးဆက်ကြဲနေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက ဝေဖန်မှုတွေ တိုးလာပြီးတဲ့နောက် ဧပြီ ၂ ရက် ညမှာ စစ်ကောင်စီက အခုလို ကြေညာလိုက်တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရက ၁၅ ရက်၊ ညီနောင်မဟာမိတ် ၃ ဖွဲ့က ရက် ၃၀ အပစ်အခတ် ရပ်စဲကြောင်း ကြေညာပြီးတဲ့နောက် နောက်ဆုံးမှာ စစ်ကောင်စီဘက်က အခုလို တုံ့ပြန်လာတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ ဧပြီ ၄ ရက်ကျရင် ဘန်ကောက်မှာ ကျင်းပမယ့် (BIMSTEC) ဘင်္ဂလား ပင်လယ်အော်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး မတိုင်မီ အချိန်ကိုက် ထုတ်ပြန်တာဖြစ်ပြီး အဲဒီအစည်းအဝေးကို အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင် တက်မယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- တရုတ်ကြက်ခြေနီ ယာဉ်တန်းကို စစ်တပ်က ပစ်ခတ်တယ်ဆိုတာဟာ TNLA က ပြောသလို တည့်တည့်ပစ်တာ မဟုတ်ဘဲ မိုးပေါ်ထောင်ပစ်ပြီး သတိပေးတာသာဖြစ်တယ်လို့ စစ်ကောင်စီတုန့်ပြန်...
- TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ ဆမ္မဆယ် ရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် ဒေသခံတဦး သေဆုံးပြီး နေအိမ်တလုံး ပျက်စီး...
- ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၂ ရက်ဆက် တိုက် ဗုံးကြဲတဲ့အတွက် နေအိမ် အဆောက်အဦတွေ ပျက်စီး...
- ၁၅ ရက်တာ အပစ်အခတ် ရပ်စဲကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာထားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ဘက် စစ်ကြောင်းထိုးလာနေ...
- ဘောလခဲမြို့နယ်ထဲက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ပြီး စစ်သား ၆၀ ကျော်သေ၊ အချို့ကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရမိ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment