Friday, April 4, 2025

တောင်ခမ်းဒေသမှာ တိုက်ပွဲပြန်ဖြစ်... လားရှိုးကို ထွေ-အုပ်က ပြန်ကိုင်မယ်လိ...


တောင်ခမ်းဒေသမှာ တိုက်ပွဲပြန်ဖြစ်... လားရှိုးကို ထွေ-အုပ်က ပြန်ကိုင်မယ်လို့ သတင်းထွက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၅- ဧပြီ- ၂၀၂၅)

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသရှိ အမတ ၉၀၂ (အမှတ် ၉၀၂ အမြောက်တပ်ရင်း) အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြန်ဖြစ်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၄ ရက်၊ မနက် ၁၀ နာရီခန့်မှာ တိုက်ပွဲစဖြစ်ပြီး ဒါဟာ … ဧပြီ ၃ ရက်မှာ စစ်ကောင်စီဘက်က စစ်ကား ၇ စီးနဲ့ ရှမ်းတောင်ဘက်ရှိ အင်တောကနေ ကျောက်ဂူကို ဖြတ်ပြီး အမတ ၉၀၂ ဆီ စစ်ကူတက်လာတာကြောင့် တိုက်ပွဲ စဖြစ်တာလို့ဆိုပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီရေးအတွက် ညီနောင် မဟာမိတ် ၃ ဖွဲ့က ဧပြီ ၁ က စပြီး  အပစ်အခတ် ရပ်စဲထားပါတယ်။ 

အလားတူ ဧပြီ ၂ ရက်မှာ အပစ်ရပ်ပါတယ် ကြေညာတဲ့ စစ်ကောင်စီ ကိုယ်နှိုက်ကပဲ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ရတာပါလို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင်...

- မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ရွာဘက်ရှိ TNLA နဲ့ PDF တပ်တွေရှိရာဘက်ကိုလည်း စစ်ကောင်စီက ဧပြီ ၃ မှာ ဗုံးကြဲပြီး ဧပြီ ၄ မှာ မြေပြင်ထိုးစစ် ဆင်နေ...

- မိုးဗြဲမြို့အနီးရှိ ပီကင်းကောခူကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့...

- ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ MNDAA တပ်တွေ ဆုတ်ခွာပြီး စစ်ကောင်စီက အုပ်ချုပ်ရေးဝင်ယူမယ့် လက္ခဏာတွေ မြင်လာနေရ...

- ဘန်ကောက်မှာ ၂ ရက်တာ ကျင်းပတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသ နိင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဘင်းမ်စတက် အစည်းအဝေးကို တက်သူ၊ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းကျောင်းသားတဦးက အစည်းအဝေး ခန်းမထဲအထိ ဝင်ရောက် ဆန္ဒပြ...

- တီးတိန် အခြေစိုက် ခလရ ၂၆၉ က အသက် ၂၀ ကျော်အရွယ် စစ်သားသစ် ၂ ဦး  လက်နက်ခဲယမ်းတွေနဲ့ အတူ PDF - Zoland ထံ ခိုလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More