ဖလမ်း မြို့သိမ်းတိုက်ပွဲ လက်နက်များစွာသိမ်းမိ... တပ်မ ၇၇ မှူးကို လက်ရဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၀ ဧပြီ ၂၀၂၅
ချင်းပြည်နယ်၊ ဖလမ်း မြို့သိမ်းတိုက်ပွဲမှာ ဟောင်ဝစ်ဇာ အမြောက် အပါအဝင် လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းမိတယ်လို့ ချင်းညီနောင် စစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဖလမ်း မြို့သိမ်း စစ်ဆင်ရေးကို နိုဝင်ဘာ ၉ မှာစတင်ပြီး အခု ဧပြီ ၉ သတင်းထုတ်ပြန်ချိန်အထိ ၅ လကြာ တိုက်ခိုက်ခဲ့ရပါတယ်။ စစ်ကောင်စီဘက်က ဖလမ်းမြို့ မကျရေးတွက် မြို့စောင့်တပ် ခလရ ၂၆၈ အပြင် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၂ ခုပါ စစ်ကူရောက်လာပြီး လေကြောင်းပစ်ကူနဲ့ အကြိမ် ၁,၀၀၀ ကျော် ဗုံးကြဲတာကြောင့် ၅ လအထိ အချိန်ယူ တိုက်ခိုက်ခဲ့ရတာလို့ ဖော်ပြပါတယ်။
ဒီစစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့က ဦးဆောင်ပြီး မကွေး-စစ်ကိုင်း ဒေသက PDF အဖွဲ့တွေ၊ ယော ဒေသက တပ်တွေ ပါဝင်တိုက်ခိုက်ပြီး AA အာရက္ခတပ်တော်က လက်နက်ခဲယမ်းနဲ့ စစ်ရေး အကြံပေး ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင်...
- အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ တပ်မ ၇၇ တပ်မမှူးနဲ့ အင်အား ၁၀၀ ခန့်ရှိအဖွဲ့ကို PDF တပ်တွေက လက်ရ ဖမ်းမိ...
- အင်းတော် ဘေးနားက ဝန်းသိုမြို့နယ်ကို ဧပြီ ၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၀ ခန့် သေဆုံး...
- ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အကြား ဆွေးနွေးရေးအတွက် ရှေ့ပြေးညှိနှိုင်းမှုတွေ စတင်နေပြီလို့ KIA အဆင့်မြင့် အရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က အသိပေး...
- ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများတဲ့အပြင် သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိ...
- ရွှေဘိုမြိုနယ် ဇီးဖြူကုန်း ပျူစောထီးရွာက ပြည်သူ့စစ်တဦး G3 သေနတ်တစ် လက်နဲ့ အတူ ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းထံ ခိုလှုံ...
- သံတောင်ကြီးအခြေစိုက် ခမရ ၅၉၂ က တပ်သားတဦး MA1 သေနတ် တလက်နဲ့အတူ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ ထံ ခိုလှုံ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment