Saturday, April 5, 2025

ညောင်ကျိုးဗျူဟာစခန်း AA သိမ်းပိုက်... မိုးကုတ်ကို စစ်တပ် ဗုံးကြဲ...


ညောင်ကျိုးဗျူဟာစခန်း AA သိမ်းပိုက်... မိုးကုတ်ကို စစ်တပ် ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၆-၄-၂၀၂၅)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီ ၂ ရက်နေ့မှာ အပြီးသိမ်းပိုက်လိုက်ပြီလို့ AA- အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

မတ်လ (၁၇) ရက်နေ့မှာ စတင်ထိုးစစ်ဆင်ပြီး ၁၆ ရက်အကြာ ဧပြီ ၂ ရက်မှာ အပြီး သိမ်းနိုင်တာလို့ဆိုပါတယ်။

စခန်းသိမ်းချိန်မှာ စစ်ကောင်စီတပ်တွေ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေတာမြင်နေရပေမယ့် AA နဲ့ ညီနောင်မဟာမိတ်တွေက တဖက်သတ်အပစ်ရထားတာကြောင့် သတ်မှတ်နေရာကို ကျော်ပြီး ဆက်မတိုက်ပဲ လွတ်ပေးထားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ညောင်ကျိုးစခန်းဟာ ကပစ-၆ ကာကွယ်ရေးပစ္စည်းစက်ရုံ-၆ တည်ရှိတဲ့ ဥသျှစ်ပင်မြို့နယ်ထဲက ညောင်ခြေတောက်ရွာနဲ့ ၁၀ မိုင်ကျော်သာဝေးတယ်လို့သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီရဲ့ ကစပ ၂၅ ခုထဲက ၄ ခုဖြစ်တဲ့ ကပစ (၅) ၊ (၆) ၊ (၉) ၊ (၁၆) တို့ဟာ ဥသျှစ်ပင်မြို့နယ် ပတ်ဝန်းကျင်မှာတည်ရှိပြီး နောက်ထပ် ၃ ခုဖြစ်တဲ့ ကပစ (၃) ၊ (၇) ၊ (၁၉) တို့ကတော့ ဧရာဝတီမြစ်အရှေ့ကမ်း ပြည်မြို့အနီးမှာရှိတဲ့အတွက် AA ရဲ့တပ်တွေဟာ ကပစ တွေနဲ့ အတော်နီးကပ်လာနေပြီလို့ ဒေသတွင်းမီဒီယာတွေက ဖေါ်ပြနေကြပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကြတ်တိန် (ကြတ္တိန်)၊ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်၊ လိပ်ခမော်၊ ကုလားဘာ၊ ဟင်းခပ်ပြင်ကျေးရွာတွေကို သစ်ပုတ်တောင်ရေတပ်စခန်း၊ အမှတ် (၃၂) ရဲတပ်ရင်းတို့ကနေ လက်နက်ကြီးနဲ့ပစ်၊ ရေတပ်သဘောင်္ကနေ လက်နက်ကြီးနဲ့ပစ်၊ စစ်လေယာဉ်နဲ့ ဗုံးကြဲနေ...

- TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်၊ မိုးကုတ်အနောက်ပိုင်းရှိ ပင့်ကူတောင်အနီးကို ဧပြီ (၅) မွန်းလွဲ ၂ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာက ဗုံး ၂ လုံး ကြဲ...

- ရေစကြိုမြို့ရှိ ရုံးပေါင်းစုံက စစ်ကောင်စီတပ်တွေအတွက် သယ်ယူလာတဲ့ စားအုံးဆီ ပေပါ အလုံး ၅၀ ပါ ကားတစီးကို Southern YSO PDF က သိမ်းပိုက်...

- တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်အုပ်စု၊ ညောင်ပင်ကုန်းရွာရှိ စစ်ကောင်စီတပ်ရဲ့ လမ်းကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေက ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More