Tuesday, April 22, 2025

တောင်ခမ်းမှာ တိုက်ပွဲဖြစ်... လားရှိုးကို စစ်တပ်ပြန်ဝင်...


တောင်ခမ်းမှာ တိုက်ပွဲဖြစ်... လားရှိုးကို စစ်တပ်ပြန်ဝင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၃ ဧပြီ ၂၀၂၅

ရှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ဧပြီ ၁၈ ညနေပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၃ ဦး သေပြီး MA -1 သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတယ်လို့ KNA (ကယန်းအမျိုးသား တပ်မတော်) က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် အရပ်သားတွေ ခရီးသွားလာမှု သတိထားကြဖို့ KNA က နှိုးဆော်ထားပါတယ်။

ဒါ့အပြင်...

- ဘီးလင်းမြို့နယ် အလူးလေး ကျေးရွာနဲ့ သပြေနီ ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို White Dragon စစ်ကြောင်းက ကြားဖြတ်ခိုက်ရာမှာ စစ်သား ၆ ဦးသေဆုံး...

-  ရပ်စောက်မြို့နယ် ကျောက်ဂူ‌ တိုက်နယ်မှာ တိုက်ပွဲဖြစ်ပြီး နှစ်ဘက် ထိခိုက်မှုရှိတယ်၊ စစ်သား ၃ ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိထားတယ်လို့ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်) က သတင်းထုတ်ပြန်...

- နောင်ချိုမြို့နယ် အုမ္မတီး ကျေးရွာကို စစ်လေယာဉ်က ဧပြီ ၂၂ မနက် ၁၀ နာရီခွဲမှာ ဗုံးကြဲတဲ့အတွက် လူနေအိမ် ၅ လုံး ပျက်စီး...

- လက်နက် အပြည့်အစုံနဲ့ စစ်သားအပြည့် ပါတဲ့ ကား ၁၅၀ ခန့်ပါ စစ်ကောင်စီ ယာဉ်တန်း ဧပြီ ၂၂ မနက် ၈ နာရီခန့်မှာ တန့်ယန်း-မိုင်းရယ်ဖက်ကနေ ဘက်ကနေ လားရှိုးမြို့ထဲ ဝင်လာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More