ထီးထာဗျုဟာကို KNLA သိမ်းပိုက်... စစ်ကောင်စီက ဗုံးကြဲမှုကို ဆက်တိုက်လုပ်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၀ ဧပြီ ၂၀၂၅
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထိုင်း-မြန်မာနယ်စပ် ထီးခီး ကုန်သွယ်ရေးဂိတ် အနီးရှိ ထီးထာစစ်ကောင်စီ ဗျူဟာကုန်းကို ဧပြီ ၁၉ ညနေပိုင်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီလို့ တနင်္သာရီတိုင်းမ်က ဖော်ပြပါတယ်။
ထိုင်းနယ်စပ်နဲ့ ၅ မိုင်ခန့် အကွာ ထီးထာရွာမှာ အခြေစိုက်ထားတဲ့ ဒီစခန်းကို ဧပြီ ၁၂ မှာ တော်လှန်ရေး တပ်တွေက ထိုးစစ် စဆင်ပြီး စစ်ကောင်စီ တပ်ဘက်က လေကြောင်းပစ်ကူနဲ့ အသေအလဲ ခုခံနေတဲ့ကြားမှာပဲ ဧပြီ ၁၉ ညနေပိုင်းမှာ သိမ်းပိုက်နိုင်တာလို့ KNLA တပ်မဟာ ၄ ဒေသ မြိတ်-ထားဝယ် ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
ဒါ့အပြင်...
- KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေကလည်း ဖားအံ ခရိုင်၊ နဘူး မြို့နယ်တွင်းရှိ လေးဂေါ် (မော်ဂလာ) စခန်းကို ဧပြီ ၁၉ မှာ သိမ်းပိုက်...
- တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကျုံဒိုး-ကော့ရိတ် မြို့နယ်အတွင်းမှာလည်း သင်္ကြန်ကာလက စပြီး တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေ...
- နေပြည်တော်က အေလာ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ဧပြီ ၁၈၊ ည ၈ နာရီမှာ Brave Warriors for Myanmar (BWM) က တိုက်ခိုက်...
- ချောင်းဦးမြို့နယ်၊ ကင်မွန်းတော် ရွာရှိ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်း အခြေချစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှု ရှိနိုင်...
- သပိတ်ကျင်းမြို့နယ်၊ ရေထွက် ကျေးရွာကို ဧပြီ ၁၉ မွန်းလွဲ တနာရီခန့်မှာ တိုက်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၁၃ ဦး သေဆုံး...
- ကျောက်တော်မြို့ကို ဧပြီ ၁၉ မနက် ၃ နာရီမှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ် တဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ...
- စစ်ကောင်စီတပ်တွေ လားရှိုးမြို့ထဲ ဝင်နိုင်ရေးအတွက် ဧပြီ ၁၈ မှာ ကြားဝင် ညှိနိုင်ပေးသူထဲမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူးသံတမန် တိန်ရှီကျွင်း ကိုယ်တိုင် ပါဝင်ဟုဆို...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment