တရုတ်ကယ်ဆယ်ရေး ယာဉ်တန်းကို စစ်ကောင်စီ ပစ်ခတ်... ဘောလခဲအနီးက စစ်တပ်စခန်း ကရင်နီတပ်တွေ သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂ ဧပြီ၂၀၂၅
မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီပေးဖို့ တရုတ်ကနေ မြန်မာနိုင်ငံထဲ ဝင်လာတဲ့ တရုတ် ကြက်ခြေနီအသင်း ကယ်ဆယ်ရေးယာဉ်တန်း နောင်ချိုကနေ မန္တလေး အထွက်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကို ခံရတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၁ ရက်၊ ည ၉ နာရီခွဲခန့်မှာ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကား ၉ စီးပါ တရုတ်ယာဉ်တန်း နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာ အရောက်မှာ အသင့်စောင့်နေတဲ့ စစ်ကောင်စီတပ်က စက်လတ်နဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။
ဒီယာဉ်တန်း မန္တလေးကို လာနေတဲ့အကြောင်း စစ်ကောင်စီထံ သတင်းပို့ထားပါရက်နဲ့ အခုလို ပစ်ခတ်ခံရတာလို့လည်း ဆိုပါတယ်။
အခုချိန်မှာတော့ ယာဉ်တန်းတခုလုံး နောင်ချိုမြို့ဆီ ပြန်ဆုတ်လာပြီး TNLA က ကာကွယ် စောင့်ရှောက်ပေးထားတယ်၊ တရုတ် ကြက်ခြေနီယာဉ်တန်း လိုရာခရီး ရောက်အောင် TNLA က ကူညီပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
-ငလျင်ဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ စိတ်ချလက်ချ ဆောင်ရွက်နိုင်ရေးအတွက် ရက် ၃၀ ကြာ အပစ်အခတ် ရပ်စဲတယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာ...
- မြောက်ပိုင်းညီနောင်အဖွဲ့ဝင် TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ တောင်လှ ရွာနဲ့ ဂေါ်ရခါးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ဒေသခံ ၅ ဦး ထိခိုက်ပြီး အိမ် ၂ လုံး ပျက်စီး...
- ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံတဝန်း ဝမ်းနည်းပူဆွေးနေချိန်မှာ၊ လူသားချင်း စာနာထောက်ထားသောအားဖြင့် PSLF/TNLA အုပ်ချုပ်တဲ့ ခရိုင် ၅ ခုအတွင်း ကျင်းပဖို့ပြင်ဆင်ထားတဲ့ ပျော်ပွဲရွှင်ပွဲနဲ့ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းကြောင်း TNLA ထုတ်ပြန်...
- မိုးညှင်းခရိုင်၊ ကချင် လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲတဲ့အတွက် စစ်သင်တန်း တက်နေတဲ့ ကချင်လူငယ် ၃၀ ကျော် ကျဆုံး...
- ချင်းညီနောင်အဖွဲ့ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ထိခိုက် ပျက်စီးမှုရှိ...
- ပေါက်မြို့နယ် အခြေစိုက် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) ကနေ ၈၁ မမ မော်တာနဲ့ အနီးဝန်းကျင်ရှိ ရွာထဲကို ပစ်ခတ်တဲ့အတွက် အသက် ၁၃ နှစ်အရွယ် ကလေးတဦး သေဆုံး...
- ဘောလခဲမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ဝမ်မလန်း အခြေချ ဗျူဟာစခန်းကို မတ်လ ၃၁ ရက်မှာ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment