Wednesday, April 16, 2025

ကလေးမြို့နယ်က စစ်တပ်စခန်း ၄ ခု တော်လှန်ရေးတပ်တွေ သိမ်းပိုက်... စစ်ကောင်စ...


ကလေးမြို့နယ်က စစ်တပ်စခန်း ၄ ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်... စစ်ကောင်စီဥက္ကဌအား အာဆီယံကတွေ့ဆုံမှုကို NUG ကန့်ကွက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၇ ဧပြီ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းနဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဆက်စပ်ဒေသရှိ စစ်ကောင်စီ စခန်း ၄ ခု သိမ်းပိုက်ရေး Major Operation မှာ ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်းက ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ABSDF က သတင်းထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးကို ချင်းအမျိုးသားတပ်မတော် (CNA) ကွပ်ကဲမှုနဲ့ ဆောင်ရွက်တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်မှာ ကမ်းပါးနီ စခန်း၊ အဲဒီနောက် မှန်တောရွာနဲ့ အောင်သာယာ (အနောက်) ရွာ စခန်း၊ အခုနောက်ဆုံး ဧပြီ ၁၁ ရက်မှာ ကြံသာ ရွာ စခန်းကို သိမ်းနိုင်ခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက BNN ကို ပြောပြပါတယ်။

ဒီစခန်းသိမ်းပွဲမှာ စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရသူ များတဲ့အပြင် လက်နက် ခဲယမ်းများစွာကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းမိတာကို ဓာတ်ပုံမှတမ်းထဲ တွေ့ရပါတယ်။

ဒ့ါအပြင်...

- ဖားကန့်ကနေ တနိုင်းမြို့သို့ သွားရာ လီဒို လမ်းမပေါ်ရှိ လဝါး ရွာမှာ စစ်ကောင်စီ-ပြည်သူ့စစ် ပူးပေါင်းတပ်နဲ့ KIA - ကချင်လွတ်လပ်ရေးတပ်မတော် တိုက်ပွဲဖြစ်ပြီး ပြည်သူစစ်တွေက ရွာကို မီးရှို့နေ...

- ဧပြီ ၁၆ သင်္ကြန် အတက်နေ့မှာ သပိတ်ကျင်းမြို့နယ်က လိပ်ကျ ကျေးရွာ၊ မြိုင်နဲ့ ရေစကြိုမြို့နယ် အစပ်ရှိ တောင်ဦးရွာ၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက် ရွာတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်...

- ဒီလို နေ့စဉ် ဗုံးကြဲ တိုက်ခိုက်နေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ဧပြီ ၁၇ မှာ ဘန်ကောက်သို့ ဖိတ်ခေါ်ပြီး ငလျင်ဘေး ကူညီရေးကိစ္စ ဆွေးနွေးဖို့ ပြင်နေတဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို ကန့်ကွက် တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ EROs အဖွဲ့အချို့က ကြေညာချက် ထုတ်ပြန်...

- တောင်ကြီး အခြေစိုက် PNO - ပအိုဝ်း ပြည်သူ့စစ် တဦးဟာ သေနတ်တလက်နဲ့ အတူ PNLA - ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

 #BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More