ဘုတ်ပြင်းမြို့က ပျုစောထီးခစန်းကို PDF သိမ်းပိုက်... ပုသိမ် -မုံရွာ လမ်းမကြီးပေါ် တိုက်ပွဲဖြစ်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၈ ဧပြီ ၂၀၂၅
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာ အခြေစိုက်၊ ရွှေဂဲညို ပျူစောထီး စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ပျူစောထီး ခေါင်းဆောင် သေဆုံးပြီး လက်နက်မျိုးစုံ ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတယ်လို့ တနင်္သာရီမြို့နယ် ‘ပကဖ’ က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၁၆၊ မနက် ၃ နာရီမှာ စတင်တိုက်ခိုက်ပြီး ပျူစေထီး ခေါင်းဆောင် သေဆုံး၊ M-79 လောင်ချာတလက်၊ AK-47 သေနတ် ၅ လက်၊ M-16 သေနတ် ၃ လက်နဲ့ ကာဘိုင် တလက် အပါဝင် လက်နက် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။
ဒါ့အပြင်...
- ပုသိမ် -မုံရွာ လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ ကပစ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦး သေပြီး ၃၀ ခန့် ဒဏ်ရာရ...
- ဧပြီ ၁၇၊ မြန်မာနှစ်ဆန်း ၁ ရက်မှာ မိုးကုတ်မြို့အရှေ့ပိုင်း၊ ကဆုတ် ကျေးရွာနဲ့ ကျုံဒိုးမြို့၊ ကမ်းနီရွာနဲ့ သရက်တောရွာကို စစ်တပ်က ဗုံးကြဲ...
- ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပေါ်ရှိ စစ်ကောင်စီစခန်းက တပ်သားသစ် တဦးဟာ MA1 သေနတ် တစ်လက်နဲ့ အတူ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းထံ ခိုလှုံလာ...
- လားရှိုးမြို့ အုပ်ချုပ်ရေးအဖွဲ့တွေကို ဧပြီ ၂၁ ရက်အထိပဲ ရုံးတက်ကြဖို့ MNDAA - ကိုးကန့်တပ်က အသိပေးထား...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment