“လူထုကိုယ်စားပြုအဖွဲ့တွေနဲ့ မတွေ့ပဲ စစ်ကောင်စီဥက္ကဌကိုပဲ ခဏခဏတွေ့နေတာကို ကန့်ကွက်တယ်”
- ပဒိုစောတောနီး (ပြောခွင့်ရပုဂ္ဂိုလ် - KNU)
(၁၇-၄-၂၀၂၅)
“လူထုကို ပစ်မှတ်ထားပြီး နေ့စဉ် ဗုံးကြဲနေတဲ့ စစ်ရာဇဝတ်ကောင်၊ နယ်မြေအအရလည်း ၂၂ % ရာခိုင်နှုန်းလောက်သာ ထိန်းနိုင်တော့တဲ့ အဖွဲ့ရဲ့ဥက္ကဌကို ခဏခဏခေါ်တွေ့တာဟာ အာဆီယံက မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်။ လူထုကိုယ်စားပြု အဖွဲ့တွေနဲ့ပါ ဆွေးနွေးဖို့လိုတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။
စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ကို ဘန်ကောက်ကို ဖိတ်ခေါ်ပြီး အာဆီယံ ဥက္ကဌ မလေးရှားဝန်ကြီးချုပ်က တွေ့ဆုံဆွေးနွေးတာကို KNU အပါဝင် တော်လှန်ရေး အင်အားစုတွေက ဘာကြောင့် ကန့်ကွက်တာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ..
- စစ်ကောင်စီဥက္ကဌကို အာဆီယံက ဖိတ်ခေါ်ဆွေးနွေးတဲ့အပေါ် ဘာကြောင့်ကန့်ကွက်တာလဲ...
- ငလျင်ဘေးအကူအညီတွေက စစ်ကောင်စီကိုချည်းပေးနေတာလား- တော်လှန်ရေးအဖွဲ့တွေဆီ တိုက်ရိုက်ပေးတာမျိုးှရှိလား...
- ငလျင်ကူညီရေးအတွက် တလတာ အပစ်ရပ်တယ်လို့ပြောထားတဲ့ စစ်ကောင်စီက နေ့စဉ် ဗုံးကြဲနေတဲ့အပေါ် အာဆီယံက ဘယ်လိုအရေးယူသင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(စစ်ရေး-နိုင်ငံရေးအခြေအနေ ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment