Saturday, April 12, 2025

“ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး၊ စစ်ကောင်စီပြုတ်အောင် ဘယ်လိုတိုက်မလဲပဲ စ...


“ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး၊ စစ်ကောင်စီပြုတ်အောင် ဘယ်လိုတိုက်မလဲပဲ စိတ်ဝင်စားတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပအဖ)

(၁၃- ၄- ၂၀၂၅)

“ရွေးကောက်ပွဲကို ကျနော်တို့စိတ်မဝင်စားဘူး၊ ရွေးကောက်ပွဲမပြီးခင် စစ်ကောင်စီပြုတ်ကျအောင် ဘယ်လိုတိုက်ကြမလဲဆိုတာပဲ စိတ်ဝင်စားတယ်” လို့ မင်းတပ်မြို့နယ် ပအဖ ပြောခွင့်ရပုဂ္ဂိုလ်နဲ့ ချင်းညီနောင်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။

လာရှိုးကို ပြန်ပေးရမယ်ဆိုတဲ့သတင်းတွေ၊ စစ်ကောင်စီဖက်က ရွေးကောက်ပွဲနဲ့ အချိန်ဆွဲဆန့်မယ့် ဗျုဟာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- လားရှိုးကို ပြန်ပေးရမယ်ဆိုတဲ့သတင်းတွေအပေါ်  တော်လှန်ရေးထဲက လူငယ်တွေ ဘယ်လိုအမြင်ရှိသလဲ...

- AA ၁၆ နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ပေးပို့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ကြညာချက်က ဘယ်လိုထူးခြားသလဲ...

- ချင်း၊ ရခိုင်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး ဧရာဝတီမြစ်အနောက်ဖက်ကမ်းနဲ့ အညာ၊ ကချင်၊ ရှမ်းမြောက် ဆက်စပ်ဒေသတခုလုံး လွတ်မြောက်နယ်မြေဖြစ်ရေး ဘယ်လောက် အရေးကြီးသလဲ...

- ၂၀၂၅ နှစ်လယ်ပိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ မြင်လာရနိုင်သလား...

- စစ်အာဏာရှင်ကိုဖြုတ်ချပြီး ကောင်းမွန်တဲ့အစိုးရတရပ်ပေါ်လာအောင်လုပ်ရေးဟာ အကောင်းဆုံး ပရဟိတလုပ်ငန်းလို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More