Monday, November 6, 2023

“ထောက်ခံအားပေးတယ်ဆိုတာ လက်ခုပ်တီးပေးနေရုံနဲ့တော့ မရဘူးလေ”


“ထောက်ခံအားပေးတယ်ဆိုတာ လက်ခုပ်တီးပေးနေရုံနဲ့တော့ မရဘူးလေ”

- ဗိုလ်နဂါး (ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA) 

(၆- ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေးအပေါ် လူထုရဲ့ထောက်ခံအားပေးမှုက အားရစရာကြီးပါ။ ဒါပေမယ့် လက်ခုပ်တီးပေးနေရုံနဲ့တော့မရဘူး။ လူထုလှုပ်ရှားမှူတွေ၊ အခြားကူညီပေးမှူတွေကိုပါ တဦးချင်း နိုင်တဲ့ဖက်က ပူးပေါင်းပါဝင်ဖို့လိုတယ်” လို့ စစ်ကိုင်းတိုင်းအခြေစိုက် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) စစ်ဦးစီးချုပ် ဗိုလ်နဂါးက ပြောပါတယ်။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဘယ်အထိ ဦးတည်သွားနိုင်သလဲ၊ လူထုရဲ့ ပူးပေါင်းပါဝင်မှု ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- ၁၀၂၇ စစ်ဆင်ရေးက နယ်မြေထိန်းချုပ်ရေးအပြင် စစ်အာဏာရှင်ဖြုတ်ချရေးကို ဘယ်လောက်အထိ သွားနိုင်သလဲ...

- အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေကကော ဒီစစ်ဆင်ရေးနဲ့ ဟန်ချက်ညီအောင် ဘာတွေဆောင်ရွက်နိုင်မလဲ...

- ထောက်ခံအားပေးတယ်ဆိုတာ လက်ခုပ်တီးပေးရုံနဲ့မရဘူးလို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More