Friday, November 24, 2023

“ဗျုဟာအရ အရေးပါတဲ့ လားရှိးမြို့အနီးက မိုင်းကျက် တပ်စခန်းကို မနေ့ညက သိမ်း...


“ဗျုဟာအရ အရေးပါတဲ့ လားရှိးမြို့အနီးက မိုင်းကျက် တပ်စခန်းကို မနေ့ညက သိမ်းနိုင်ခဲ့ပါတယ်”

- PSLF/ TNLA ပြောခွင့်ရအမျိုးသမီး

(၂၄- ၁၁- ၂၀၂၃)

“လားရှိုးမြို့အနီးက ဗျုဟာအရအရေးပါတဲ့ မိုင်းကျက် တပ်စခန်းကို မနေ့ညက သိမ်းနိုင်ခဲ့ပါတယ်၊ စခန်းပေါင်း ၅၀ နီးပါး သိမ်းထားနိုင်ပြီး မြို့ ၂ မြို့ကို အုပ်ချုပ်ရေးချထားနိုင်ပြီဖြစ်တယ်” လို့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA ပြောခွင့်ရအမျိုးသမီးက BNN ကိုပြောပါတယ်။

TNLA တပ်တွေနဲ့အတူ ညီနောင် ၃ ဖွဲ့က တပ်တွေအပြင် မန္တလေး PDF တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ အရှေ့မြောက်ဒေသမှ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တဲ့အတွက် ပြည်သူတွေခရီးမသွားသင့်ဘူးလို့လည်း သူမက တိုက်တွန်းခဲ့ပါတယ်။

(MNDAA ကလည်း ဒီနေ့ စခန်း ၃ ခုထပ်သိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ တလနီးပါးအတွင်း ညီနောင် ၃ ဖွဲ့ကနေ စစ်ကောင်စီတပ်စခန်း ၂၀၀ ကျာ်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ မနက်ဖန် တင်ပြပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More