Thursday, November 2, 2023

“၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီ ဘယ်လောက်ဆောင်ရွက်နိုင်မလဲဆိုတာ NUG က စမ်းသပ...


“၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီ ဘယ်လောက်ဆောင်ရွက်နိုင်မလဲဆိုတာ NUG က စမ်းသပ်ခံရမယ့် အချိန်ဖြစ်တယ်“

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃- ၁၁- ၂၀၂၃)

“မြောက်ပိုင်းမှာ အရှိန်အဟုန်အလွန်ကောင်းနေတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ဟန်ချက်ညီ တောင်ပိုင်းဒေသမှာ ဘယ်လောက်အထိအကောင်ထည်ဖေါ်နိုင်မလဲဆိုတာ NUG တာဝန်ဖြစ်လာနေတယ်။ ဒီတာဝန်ကို ဘယ်လောက်ဦးဆောင်နိုင်မလဲဆိုတာ ဒီစစ်ဆင်ရေးက NUG ကို စမ်းသပ်လိမ့်မယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

သီတင်းတပတ်အတွင်း မြို့ ၄ မြို့နဲ့ စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးအထိ သိမ်းပိုက်လိုက်တဲ့ 
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဦးစီးတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ဟန်ချက်ညီအောင် တောင်ပိုင်းဒေသမှာ ဘယ်လိုအကောင်ထည်ဖေါ်နိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- တရုတ်အစိုးရရဲ့ တိုက်တွန်းမှုတွေကြောင့် တိုက်ပွဲအရှိန် လျော့ကျသွားနိုင်သလား...

- မြောက်ပိုင်းမှာအရှိန်ကောင်းနေတဲ့ စစ်ဆင်ရေးကို တောင်ပိုင်းက ဟန်ချည်ညီပူးပေါင်းနိုင်အောင် NUG က ဘယ်လိုဆောင်ရွက်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက မေးမြန်းထားချက်ရဲ့ ဒုတိယ ပိုင်းဖြစ်တဲ့အတွက် ၂ ရက်နေ့နှင့် ၃ ရက်နေ့ ဖြစ်ပေါ်တိုးတက်မှုများ ပါဝင်နိုင်ခြင်းမရှိပါ)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More